Skip to content

War အကြောင်း ကျမ်းစာအခန်းငယ်များ

639 အခန်းငယ် · 45 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုကြောင့်၊ သင်၏လူတို့သည် ရုန်းရင်းခတ်ကြ လိမ့်မည်။ ရှာလမန်မင်းသည် ဗေသာဗေလမြို့ကို စစ် တိုက်သောအခါ ဖျက်ဆီးသကဲ့သို့၊ သင်၏ရဲတိုက်ရှိသမျှ တို့သည် ပျက်စီးရကြလိမ့်မည်။ အမိသည် သားတို့နှင့် အတူ မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို ခံရလိမ့်မည်။

  2. ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ထားဖြင့် လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို၎င်း ခံရကြလိမ့်မည်။

  3. မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတံ့။

  4. သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။

  5. သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။

  6. ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။

  7. သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည်။

  8. သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။

  9. တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။

  10. မြို့ထဲမှာတလည်လည် ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။

  11. သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့်လ သည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။

  12. ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။

  13. တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်ပြည်သားတို့သည် မိမိတို့နေရာကို ကျယ်စေခြင်းငှါ၊ ကိုယ်ဝန်ဆောင်သော ဂိလဒ်ပြည်သူမိန်းမတို့၏ ဝမ်းကိုခွဲသောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။

  14. မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသော အသံဗလံ ပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။

  15. မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။

  16. ဘုရားသခင်သည် သောဒုံမြို့နှင့် ဂေါမောရမြို့ကို မှောက်လှန်သကဲ့သို့၊ သင်တို့အချို့ကိုငါမှောက်လှန်၍ သင်တို့သည် မီးထဲကနှုတ်သောထင်းစကဲ့သို့ ဖြစ်ကြပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။

  17. ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှါ၎င်း၊ နေ့အလင်းကို ညဉ့်အမိုက်ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ်ရေကိုခေါ်၍ မြေပေါ်မှာသွန်းလောင်း ထသော၊ ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိထသော၊

  18. ခွန်အားကြီးသော သူတို့ကို၎င်း၊ ရဲတိုက်တို့ကို၎င်း ဖျက်ဆီးတော်မူသောဘုရားကို ရှာကြလော့။

  19. အိမ်တဆောင်တွင် လူတကျိပ်ကျန်ကြွင်းသော်လည်း သေကြလိမ့်မည်။

  20. ပေါက်ဘော်တော်၍ မီးဖြင့် သင်္ဂြိုဟ်ရသော သူသည် အိမ်ထဲကအသေကောင်ကိုထုတ်၍ ချီသွား သောအခါ၊ အိမ်အတွင်းတွင်ရှိသော သူကိုခေါ်၍၊ သင်၌ တစုံတယောက်ကျန်ကြွင်းသေးသလောဟု မေးသော်၊ မကျန်ကြွင်းဟု ပြန်ပြောလိမ့်မည်။ ထမ်းသွားသောသူကလည်း၊ တိတ်ဆိတ်စွာနေလော့။ ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းရသော အခွင့်မရှိဟု ပြောဆိုလိမ့် မည်။

  21. ထိုကာလ၌ နန်းစဉ်ကခြေသည်တို့သည် မြည်တမ်းကြလိမ့်မည်။ အရပ်ရပ်တို့၌ များစွာသော အသေ ကောင်ရှိ၍၊ လူတို့သည် တိတ်ဆိတ်စွာ ပစ်ချကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

  22. ထာဝရဘုရားသည် များပြားသော လူတို့တွင် တရားစီရင်၍၊ ဝေးစွာ နေလျက် အားကြီးသော လူမျိုး တို့ကို ဆုံးမတော်မူသဖြင့်၊ သူတို့ ထားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှါ၎င်း၊ လှံများကို တံစဉ်းဖြစ်စေခြင်း ငှါ၎င်း ထုလုပ်ကြလိမ့်မည်။ တပြည်ကိုတပြည်စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။

  23. မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ် ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက် ရှိကြ၏။

  24. မြင်းစီးသူရဲသည် မီးတောက်သော ထား၊ လျှပ် စစ်ပြက်သော လှံကိုချီလျက်၊ တိုက်သောသူရဲအများနှင့် သေသောသူအပုံပုံရှိကြ၏။ အသေကောင်တို့ကို ရေတွက် ၍ မကုန်နိုင်။ လူသေကောင်များကို ထိမိ၍ လဲတတ်ကြ ၏။

  25. သို့သော်လည်း၊ ထိုမြို့ကို ရန်သူတို့သည် တိုက်၍ သိမ်းသွားကြပြီ။ မြို့သားငယ်တို့ကို လမ်းဦးရှိသမျှတို့၌ ချိုးဖဲ့လျက်၊ ဂုဏ်အသရေရှိသော မြို့သားတို့ကို စာရေးတံ ချလျက်၊ အားကြီးသော မြို့သားအပေါင်းတို့ကို သံကြိုး ဖြင့် ချည်နှောင်လျက် ပြုကြပြီ။