အကြောင်းအရာသို့ ကျော်သွားရန်

War အကြောင်း ကျမ်းစာအခန်းငယ်များ

639 အခန်းငယ် · 45 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအပြည်ပြည်သောဘုရားတို့တွင် အဘယ်မည်သော ဘုရားသည် မိမိပြည်ကိုငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ ထာဝရဘုရားသည် ယေရုရှလင်မြို့ကို ငါ့လက်မှ အဘယ်သို့ကယ်လွှတ်နိုင်မည်နည်းဟု ဆိုလေ၏။

  2. ယုဒသူတို့လည်းစကားတခွန်းကိုမျှမပြန်ဘဲ တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ ပြန်မပြောနှင့်ဟု ရှင်ဘုရင်မိန့်တော်ရှိသတည်း။

  3. ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူအများတို့သည် လဲသေကြ၏။ ဣသရေလလူတို့ သည် သိမ်းသွားခြင်းအမှုမရောက်မှီတိုင်အောင်၊ ဟာဂရ လူတို့နေရာ၌ နေရာကျကြ၏။

  4. သို့ဖြစ်၍ ဣသရေလအမျိုး၏ ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ပုလနှင့်ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလအမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့ သိမ်းသွား၍ ယနေ့တိုင်အောင် နေရာချထား၏။

  5. စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍ တိုက်တတ် သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊

  6. ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သော သူနှစ်သောင်းရှစ်ထောင်ခြောက်ရာ၊

  7. အာရှာအမျိုးထဲက ထိုအတူ လေ့ကျက်၍ စစ်ချီ တတ်သော သူလေးသောင်း၊

  8. သုံးနှစ်ပတ်လုံး အစာအာဟာရခေါင်းပါးသော ဘေး၊ သုံးလပတ်လုံး သင့်ကို ရန်သူလိုက်မှီ၍ ထားဖြင့် လုပ်ကြံသောဘေး၊ သုံးရက်ပတ်လုံး ပြည်တော် ၌ ကာလနာတည်းဟူသောထာဝရဘုရား၏ ထားတော် ကို၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ကိုင်၍ ဣသရေလပြည် တရှောက်လုံးကို ဖျက်ဆီးသော ဘေးတို့တွင် တပါးပါးကိုရွေးလော့ဟု မိန့်တော်မူသည် ဖြစ်၍၊ အကျွန်ုပ်ကို စေလွှတ်တော်မူသောသူအား အဘယ်သို့ ပြန်လျှောက်ရမည်ကို ဆင်ခြင်တော်မူပါဟု လျှောက်လေ၏။

  9. သို့ရာတွင် ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါသို့ရောက်သည်ကား၊ သင်သည် များစွာ စစ်တိုက် ၍ လူအများတို့ကို သတ်လေပြီ။ မြေကြီးပေါ်မှာ ငါ့မျက်မှောက်၌ များစွာသောအသွေးကို သွန်းသော ကြောင့်၊ ငါ့နာမအဘို့ အိမ်ကို မတည်မဆောက်ရ။

  10. သင်မြင်သော သားတယောက်သည် ငြိမ်ဝပ်သော သူဖြစ်လိမ့်မည်။ သူ၏အမည်ကား ရှောလမုန် ဖြစ်၍၊ သူ့ပတ်လည်၌ ရန်သူမရှိ။ ငြိမ်ဝပ်သောအခွင့်ကို၎င်း၊ သူ၏ လက်ထက်၌ ဣသရေလအမျိုးသည် စစ်တိုက်ခြင်းမရှိ။ ငြိမ်ဝပ်စွာနေရသော အခွင့်ကို၎င်း၊ ငါပေးမည်။

  11. ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊

  12. ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင်၊

  13. အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတထောင် နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊

  14. ယုဒပြည်၌ခိုင်ခံ့သော မြို့တို့ကိုတိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။

  15. ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊

  16. ရှင်ဘုရင်နှင့်ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။

  17. ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ် သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။

  18. သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါး အမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်ငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော် မူ၏။

  19. အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။

  20. ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။

  21. ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။

  22. ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌ လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊

  23. အဘိယသည် ရွေးချယ်သော စစ်သူရဲကောင်း လေးသိန်းနှင့် စစ်ခင်းကျင်၏။ ယေရောဗောင်သည် ရွေးချယ်သောစစ်သူရဲကောင်းရှစ်သိန်းနှင့် စစ်ခင်း ကျင်း၏။

  24. အဘိယသည် ဧဖရိမ်ခရိုင်၊ ဇေမရိမ်တောင် ပေါ်မှာ ရပ်လျက်၊ အိုယေရောဗောင်နှင့် ဣသရေလလူ အပေါင်းတို့၊ နားထောင်ကြလော့။

  25. ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည် ဆားနှင့် ယှဉ်သောပဋိညာဉ်အားဖြင့်၊ ဣသရေလ နိုင်ငံကို ဒါဝိဒ်နှင့်သားတော် မြေးတော်တို့၌အစဉ် အိပ်တော်မူကြောင်းကို၊ သင်တို့သိမှတ်သင့်သည် မဟုတ်လော။