အကြောင်းအရာသို့ ကျော်သွားရန်

Tyre အကြောင်း ကျမ်းစာအခန်းငယ်များ

113 အခန်းငယ် · 47 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ် သားနေ၍ ပင်လယ်၌ အားကြီးသော မြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။

  2. သင်ပြိုလဲသောနေ့တွင် တကျွန်းတနိုင်ငံ အရပ် တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့် မည်။

  3. သင်မူကား၊ ကြောက်မက်ဘွယ်သော အရာဖြစ် ၍၊ နောက်တဖန် အဘယ်သူမျှရှာ၍ မတွေ့နိုင်အောင်၊ ပျောက်ကုန်ရာသို့ရောက်လိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

  4. အိုပင်လယ်ဝ၌ တည်သောမြို့၊ များစွာသော ကျွန်းသူကျွန်းသားတို့အဘို့ ကုန်သွယ်တတ်သောမြို့၊ သင့် ကို အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင်က၊ ငါ၏တင့်တယ်ခြင်းစုံလင်ပြီဟု ဆိုတတ်၏။

  5. သင်၏နံပါးတို့သည် ပင်လယ်ထဲမှာ ရှိ၏။ သင်၏ဗိသုကာတို့သည် သင့်ကိုစုံလင်စွာ တင့်တယ်စေ ခြင်းငှါ ပြုကြပြီ။

  6. သင်၏ပျဉ်ပြားရှိသမျှတို့ကို စေနိရထင်းရူး သစ်သားဖြင့် လုပ်၍၊ ရွက်တိုင်ဘို့ လေဗနန်အာရဇ်ပင် တို့ကို ယူကြပြီ။

  7. ဗာရှန်သပိတ်သစ်သားဖြင့် တက်တို့ကို၎င်း၊ ခိတ္တိမ်ကျွန်းတို့မှ ယူခဲ့၍ ဆင်စွယ်နှင့် စီချယ်သော တာရှုရသစ်သားဖြင့် ကန့်တို့ကို၎င်း လုပ်ကြပြီ။

  8. အဲဂုတ္တုပြည်၌ ချယ်လှယ်သော ပိတ်ချောရွက် တို့ကို ဖြန့်၍၊ ဧလိရှကျွန်းတို့မှယူခဲ့သော အထည်ပြာ၊ အထည်မောင်းဖြင့် လုပ်သောမျက်နှာကြက်နှင့် ပြည့်စုံ၏။

  9. ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။

  10. အာဝဒ်အမျိုးသားတို့သည် သင်၏တပ်သားတို့ နှင့်တကွ မြို့ရိုးပတ်လည်၌ စီးကြ၏။ ဂမ္မဒိမ်လူတို့သည် ပြအိုးတို့ကိုစောင့်၍၊ မြို့ရိုးပတ်လည်၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင်၏တင့်တယ်ခြင်းကို စုံလင်စေ ကြ၏။

  11. သင်၌ကုန်သွယ်ရန် ဥစ္စာများသောကြောင့်၊ တာရှုမြို့သည်ငွေ၊ သံ၊ သံဖြူ၊ ခဲတို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင်နှင့်ကုန်သွယ်ခြင်းကို ပြုလေ၏။

  12. ယာဝန်မြို့၊ တုဗလမြို့။ မေရှက်မြို့တို့သည် သင်နှင့်ကုန်သွယ်၍၊ လူကျွန်တို့နှင့် ကြေးနီဖလားတို့ကို သင့်ဈေး၌ ရောင်းကြ၏။

  13. တောဂါမအမျိုးသားတို့သည်မြင်း၊ မြင်းစီးသူ၊ လားတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။

  14. ဒေဒန်မြို့သားတို့သည်လည်း သင်နှင့်ကုန်သွယ် ကြ၏။ များစွာသော တကျွန်းတနိုင်ငံ အရပ်သားတို့သည် သင်လုပ်သော ဥစ္စာကိုဝယ်၍၊ ဦးချို၊ ဆင်စွယ်၊ သစ်သား နက်ကို ပြန်ပေးကြ၏။

  15. သင်လုပ်သော ဥစ္စာများသောကြောင့် ရှုရိပြည်သည် သင်နှင့်ကုန်သွယ်၍၊ နပက်ကျောက်၊ ဗြာသောအထည်၊ ချယ်လှယ်သောအဝတ်၊ ပိတ်ချော၊ သန္တာ၊ ကျောက်နီတို့ကို သင့်ဝိုင်း၌ သွင်းကြ၏။

  16. ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကို သင့်ဈေး၌ သွင်းကြ၏။

  17. ဒမာသက်မြို့သည် သင်လုပ်သော ဥစ္စာများ၊ စည်းစိမ်များပြားသောကြောင့်၊ ဟေလဗုန်စပျစ်ရည်၊ ဖြူသောသိုးမွေးကို ဖယ်လှယ်လျက် ဖေါက်ကားတတ်၏။

  18. ဝေဒန်မြို့နှင့်ယာဝန်ပြည် ဥဇာလမြို့သည် လည်း သံပြောင်ကို သင့်ဝိုင်းသို့ယူခဲ့၍၊ သင့်ဈေး၌ သစ်ကြံပိုးနှင့် ကြံလည်းရှိ၏။

  19. ဒေဒန်မြို့သည် မြင်းစီးသူရဲ သုံးစရာချောသော အထည်မျိုးကို ရောင်း၍သင်နှင့်ကုန်သွယ်၏။

  20. အာရပ်ပြည်နှင့် ကေဒါမင်း အပေါင်းတို့သည် သင်လုပ်သော ဥစ္စာကိုရခြင်းငှါ သိုးသငယ်၊ သိုးထီး၊ ဆိတ်များတို့နှင့် ဖယ်လှယ်၍ ကုန်သွယ်ကြ၏။

  21. ရှေဘကုန်သည်၊ ရာဂမကုန်သည်တို့သည် သင်နှင့် ကုန်သွယ်၍ အမြတ်ဆုံးသော နံ့သာမျိုး၊ အဘိုးကြီးသော ကျောက်မျိုး၊ ရွှေမျိုးကိုသင့်ဝိုင်း၌ သွင်းကြ၏။

  22. ခါရန်မြို့သား၊ ကန္နေမြို့သား၊ ဧဒင်မြို့သား၊ ရှေဘကုန်သည်၊ အာရှုရိကုန်သည်။ ခိလမဒ်ကုန်သည်တို့ လည်း၊ သင်နှင့်ကုန်သွယ်၍၊

  23. ထူးဆန်းသော ဥစ္စာ၊ ပြာသောအထည်၊ ချယ် လှယ်သောအထည်၊ အဘိုးထိုက်သော အဝတ်တန်ဆာ ပါ၍၊ ကြိုးနှင့်ပတ်ရစ်သော အာရဇ်သေတ္တာတို့ကို သင်၏ ကုန်ထဲသို့သွင်းကြ၏။

  24. တာရှုသင်္ဘေားတို့သည် သင်၏ကုန်ကို ဆောင် လျက်သွားလာသဖြင့်၊ သင်သည် ပင်လယ်အလယ်၌ ကြွယ်ဝ၍ အလွန်ဘုန်းကြီးလေ၏။

  25. တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊