Tyre အကြောင်း ကျမ်းစာအခန်းငယ်များ: All nations to be terrified at its destruction
All nations to be terrified at its destruction အကြောင်း အခန်းငယ်များ
တုရုမြို့ကို ရည်မှတ်၍ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အလယ်၌ ကြီးစွာသော လုပ်ကြံခြင်း အမှုဖြစ်၍၊ ထိခိုက်သော သူတို့သည် အော်ဟစ်သောအခါ၊ သင်ပြိုလဲခြင်း အသံကြောင့် တကျွန်းတနိုင်ငံ အရပ်တို့သည် တုန်လှုပ်ကြလိမ့်မည်။
သမုဒ္ဒရာမင်းအပေါင်းတို့သည် ရာဇပလ္လင်ပေါ် က ဆင်း၍၊ အင်္ကျီတော်ကို၎င်း၊ ချယ်လှယ်သော အဝတ် တော်ကို၎င်း၊ ချွတ်ပယ်ပြီးမှ၊ တုန်လှုပ်ခြင်းအဝတ်ကို ဝတ်လျက်၊ မြေပေါ်၌ ထိုင်လျက် ခဏခဏတုန်လှုပ်၍၊ သင်၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။
သူတို့ကလည်း၊ အိုကျော်စောသောမြို့၊ ပင်လယ် သားနေ၍ ပင်လယ်၌ အားကြီးသော မြို့၊ ပင်လယ်သား အပေါင်းတို့ ရိုသေဘွယ်သော မြို့သားနှင့် ပြည့်စုံသော မြို့၊ သင်သည် အလွန်ပျက်စီးလေပြီတကားဟု သင့်အား ဆိုလျက်၊ သင့်အတွက် မြည်တမ်းကြလိမ့်မည်။
သင်ပြိုလဲသောနေ့တွင် တကျွန်းတနိုင်ငံ အရပ် တို့သည် တုန်လှုပ်၍၊ သင်ကွယ်ပျောက်သောကြောင့် ပင်လယ်၌ရှိသော ကျွန်းများတို့သည် ထိတ်လန့်ကြလိမ့် မည်။
တက်ခတ်သော သူအပေါင်းတို့သည် သင်္ဘောမှ ဆင်း၍၊ သင်္ဘောသားများနှင့် ပင်လယ်လမ်းပြမာလိန် အပေါင်းတို့သည် ကုန်းပေါ်မှာရပ်လျက်၊
သင့်အဘို့အော်ဟစ်၍ ပြင်းစွာငိုကြွေးကြလိမ့် မည်။ မြေမှုန်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်၍ပြာ၌ လူးကြလိမ့်မည်။
ဆံပင်ကိုလည်း ဖြတ်၍လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ညှိုးငယ်သောစိတ်နှင့် သင့်အဘို့ပြင်းစွာ ငိုကြွေးမြည်တမ်းရသည်ကား၊
ပင်လယ်အလယ်၌ ဆုံးသောမြို့တည်းဟူသော တုရုမြို့နှင့် အဘယ်မြို့တူသနည်း။
သင်၏ဥစ္စာတို့သည် ပင်လယ်လမ်းဖြင့် ထွက် သွားသောအခါ၊ လူမျိုးများတို့ကို ရောင့်ရဲစေ၍၊ များပြား သောဥစ္စာ။ ကုန်စလယ်တို့ဖြင့် လောကီရှင်ဘုရင်တို့ကို ကြွယ်ဝစေတတ်၏။
ယခုမူကား၊ သင်သည် ပင်လယ်၌၎င်း၊ သင့် ကုန်သွယ်ရန် ဥစ္စာတို့သည် လှိုင်းတံပိုးအလယ်၌၎င်း၊ ကျိုးပဲ့၍၊ သင်နှင့်ပါသောသူအပေါင်းတို့သည် ဆုံးရှုံကြပြီ။
ကျွန်းသူ ကျွန်းသားအပေါင်းတို့သည် သင်အမှု ကြောင့် မိန်းမောတွေဝေ၍၊ ရှင်ဘုရင်တို့သည် မျက်နှာ ပျက်လျက် ကြက်သီးမွေးညှင်းထကြ၏။
အမျိုးမျိုးသောကုန်သည်တို့သည် သင့်အား ကဲ့ရဲ့သံကို ပြုကြ၏။ သင်သည် ကြောက်မက်ဘွယ်ဖြစ် လေပြီတကား။ နောက်တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟု မိန့်တော်မူ၏။
ထိုအမှုကို အာရှကေလုန်မြို့သည် မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန်တုန်လှုပ် လိမ့်မည်။ ဧကြုန်မြို့လည်း မြော်လင့်၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။