အကြောင်းအရာသို့ ကျော်သွားရန်

Tyre အကြောင်း ကျမ်းစာအခန်းငယ်များ: Its inhabitants to be sold as slaves, as a recompence for their selling the Jews

5 အခန်းငယ် · 47 ရှုထောင့်

Its inhabitants to be sold as slaves, as a recompence for their selling the Jews အကြောင်း အခန်းငယ်များ

  1. အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ် သော အရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ ပြုကြလျှင်၊ ထိုရန်ကို သင်တို့ ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။

  2. သင်တို့သည် ငါ့ရွှေငွေကို ယူ၍၊ ငါနှစ်သက် ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်၎င်း၊

  3. ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့်၎င်း၊

  4. သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည် ထ မြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။

  5. သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့၌ ငါရောင်း၍၊ သူတို့သည် တဖန်ဝေးသော အမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။