Skip to content

The Scriptures အကြောင်း ကျမ်းစာအခန်းငယ်များ

159 အခန်းငယ် · 108 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ၊ မိုက်၌ခုနစ်ကြိမ် စစ်သော ငွေကဲ့သို့ဖြစ်ကြ၏။

  2. လူပြုတတ်သော အမှုများမှာ၊ ဖျက်ဆီးတတ် သော သူ၏လမ်းတို့ကို နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ။

  3. ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။

  4. ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့် မတ်သည် ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကို ရှင်းလင်းစေတတ်၏။

  5. ရွှေထက်မက၊ များစွာသောရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ်၍၊ ပျားရည်ထက်မက၊ ပျားလပို့ထက် ချိုကြ၏။

  6. တရားတော်အားဖြင့် ကိုယ်တော်၏ ကျွန်သည် သတိရ၍၊ တရားစောင့်ခြင်းအကျိုးသည် ကြီးလှပါ၏။

  7. ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေး ထားသည်နှင့်အညီ၊ အကျွန်ုပ်သည် သွားပါမည်ဟု ဝန်ခံ ပါ၏။

  8. လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်။

  9. ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ။

  10. အို ထာဝရဘုရား၊ ကိုယ်တော်သည် မင်္ဂလာရှိတော် မူ၏။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင် တော်မူပါ။

  11. စီရင်တော်မူရာ နှုတ်တော်ထွက် အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏။

  12. အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်က ပတ်တော်ကို မမှတ်ဘဲမနေပါ။

  13. အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ။

  14. အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံး အရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။

  15. အို ထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။

  16. အို ထာဝရဘုရား၊ ဗျာဒိတ်တော်အတိုင်း ကရုဏာတော်တည်းဟူသော ကယ်တင်တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ်၌ ရောက်ပါစေသော။

  17. ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ်တော်ကို ကိုးစားသည်ဖြစ်၍၊ ကဲ့ရဲ့သော သူ၏စကားကို ချေစရာ အကြောင်း ရှိရပါလိမ့်မည်။

  18. အကျွန်ုပ် မြော်လင့်စရာအကြောင်း၊ ကိုယ်တော် ၏ကျွန်၌ ထားတော်မူသော နှုတ်ကပတ်တော်ကို အောက်မေ့တော်မူပါ။

  19. ဗျာဒိတ်တော်အားဖြင့် အကျွန်ုပ်အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲကိုခံရစဉ်တွင်၊ ထိုနှုတ်ကပတ်တော် သည် အကျွန်ုပ်သက်သာစရာအကြောင်း ဖြစ်ပါ၏။

  20. ပညတ်တော်တို့ကို အကျွန်ုပ်ယုံကြည်သည် ဖြစ်၍၊ ကောင်းသော ဉာဏ်နှင့် ပညာတော်အတတ်ကို သွင်းပေးတော်မူပါ။

  21. အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ၏။

  22. နှုတ်ကပတ်တော်ကို အကျွန်ုပ် မြော်လင့်သော ကြောင့်၊ ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် အကျွန်ုပ်ကို မြင်၍ ဝမ်းမြောက်ကြပါလိမ့်မည်။

  23. ကိုယ်တော်၏ ကျွန်၌ မိန့်တော်မူချက်အတိုင်း၊ ကရုဏာတော်သည် အကျွန်ုပ်ကို ချမ်းသာပေးပါစေသော ဟု ဆုတောင်းပါ၏။

  24. အကျွန်ုပ်၏ ဝိညာဉ်သည် ကယ်တင်တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အားလျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ်တော် ကိုမြော်လင့်ပါ၏။

  25. အကျွန်ုပ်ကို အဘယ်ကာလမှ ချမ်းသာပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ်မျက်စိတို့သည် ဗျာဒိတ်တော်ကို မြော်လင့်လျက်အားကုန်ပါ၏။