The Scriptures အကြောင်း ကျမ်းစာအခန်းငယ်များ: Obey
Obey အကြောင်း အခန်းငယ်များ
အကျွန်ုပ်သည် ဆင်းရဲမခံမှီလမ်းလွဲပါ၏။ ယခုမူကား၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့်ပါ၏။
ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုကြား၍ နားထောင်သောသူတို့သည် ငါ့အမိ၊ ငါ့ညီဖြစ်သတည်းဟု မိန့်တော်မူ၏။
ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏။