အကြောင်းအရာသို့ ကျော်သွားရန်

The Scriptures အကြောင်း ကျမ်းစာအခန်းငယ်များ: Read publicly to ALL

6 အခန်းငယ် · 108 ရှုထောင့်

"The Scriptures" ကို ရှာဖွေရန်

Read publicly to ALL အကြောင်း အခန်းငယ်များ

  1. သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေး ကောက်တော် မူလတံ့သော အရပ်တွင် ဣသရေလအမျိုး သား အပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။

  2. ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသော တပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေ ခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။

  3. ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့ သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။

  4. နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှ စ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။

  5. သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သောနေ့တွင်၊ ဗိမာန် တော်၌ရှိသော သူတို့အားဘတ်လော့။ အမြို့မြို့အရွာရွာ ကလာသော ယုဒလူတို့အားလည်း ဘတ်လော့။

  6. ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကိုဘတ်ရွတ်ပြီးမှ၊ တရားစရပ်မှူး တို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမ စရာ စကားရှိလျှင် ဟောပြော ကြပါဟု လူကိုစေလွှတ်၍ ကြားပြောစေ၏။