The Scriptures အကြောင်း ကျမ်းစာအခန်းငယ်များ: Meditate in
Meditate in အကြောင်း အခန်းငယ်များ
လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင်ပြုသော သူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။
သက်သေခံတော်မူချက်တို့ကို အကျွန်ုပ်သည် ဆင်ခြင်အောက်မေ့သောကြောင့်၊ အကျွန်ုပ်၏ ဆရာ အပေါင်းတို့ထက်သာ၍ နားလည်ပါ၏။
ဗျာဒိတ်တော်တို့ကို ဆင်ခြင်အောက်မေ့လိုသော ငှါ၊ ညဉ့်ယံမလွန်မှီ အကျွန်ုပ်နိုးတတ်ပါ၏။