အကြောင်းအရာသို့ ကျော်သွားရန်

The Christ Jesus အကြောင်း ကျမ်းစာအခန်းငယ်များ

607 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်းရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

  2. မိန်းမသည်သားကို ဘွားစဉ်အခါ ဘွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဘွားမြင် ပြီးမှ ဤလောက၌ လူတယောက်ကိုဘွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။

  3. ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တဖန်သင်တို့ကို ငါတွေ့မြင် သဖြင့် သင်တို့သည်စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူ ဖျက်ဆီးခြင်းငှါ မတတ်နိုင်။

  4. ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည်ငါ၏ နာမကိုအမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။

  5. ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်းစုံလင်စေခြင်းငှါ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။

  6. ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အားအတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။

  7. ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဘို့အလိုငှါ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။

  8. ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထို သူအပေါင်းတို့သည် တလုံးတဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။

  9. ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည်သူတို့၌ရှိ၍၊

  10. ရှိမုန်ပေတရုနှင့် အခြားသောတပည့်တော်တယောက်သည် ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထို တပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦး ထဲသို့ ဝင်လေ၏။

  11. ပေတရုမူကားပြင်၌ တံခါးနားမှာရပ်နေ၏။ ထိုကြောင့် ယဇ်ပုရာဟိတ်မင်းနှင့်အကျွမ်းဝင်သော တပည့် တော်သည်ထွက်၍ တံခါးစောင့်မိန်းမအားပြောပြီးမှ ပေတရုကိုသွင်းလေ၏။

  12. တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏တပည့်တို့အဝင်ဖြစ်သည် မဟုတ်လောဟု ဆိုလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။

  13. ထိုကာလ၌ ချမ်းသောကြောင့် ကျွန်များနှင့်မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍ မီးလှုံလျက် နေ ကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။

  14. ထိုအခါ ယဇ်ပုရာဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။

  15. ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရား စရပ်၌၎င်း၊ ဗိမာန်တော်၌၎င်း၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။

  16. အဘယ်ကြောင့်ငါ့ကို မေးမြန်းသနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏ဟုမိန့်တော်မူ၏။

  17. ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရာဟိတ် မင်းကို ဤသို့ပြန်ပြောရာသလောဟုဆိုလျက် ယေရှုကိုရိုက်လေ၏။

  18. ယေရှုကလည်း၊ ငါ့စကားမမှန်လျှင်မမှန်ကြောင်းကိုပြပါ မှန်လျှင်ငါ့ကိုအဘယ်ကြောင့်ရိုက်သနည်းဟု မိန့်တော်မူ၏။

  19. အန္နတ်မင်းသည် ကိုယ်တော်ကိုချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်း ကယာဖထံသို့ ပို့စေခဲ့ပြီ။

  20. ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့်တို့ အဝင်ဖြစ်သည်မဟုတ်လောဟု မေးလျှင်၊ မဟုတ်ဘူးဟု ပေတရုငြင်းလေ၏။

  21. ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့်ပေါက်ဘော်တော်သော ယဇ်ပုရာဟိတ်မင်း၏ ကျွန်တ ယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လောဟုဆိုလျှင်၊

  22. ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်၏။

  23. စစ်သူရဲတို့သည် ယေရှုကိုလက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား၊ မချုပ်ဘဲလျက် အထက်စွန်းမှသည် အောက်စွန်း တိုင်အောင် ရက်သောအင်္ကျီဖြစ်သောကြောင့်၊

  24. ထိုသူတို့က၊ အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့ဟု အချင်းချင်း ဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏ဟူသော အချက်စကားကိုပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။

  25. ထိုနောက်မှ ကျမ်းစာပြည့်စုံစေခြင်းငှါ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်ဟု မိန့်တော်မူ၏။