The Christ Jesus အကြောင်း ကျမ်းစာအခန်းငယ်များ: Obedience of Jesus
Obedience of Jesus အကြောင်း အခန်းငယ်များ
အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။
အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။
ပညတ်တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာ ယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော် မမူဟု အထက်ကဆိုနှင့်ပြီးမှ၊
တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ်၏။