အကြောင်းအရာသို့ ကျော်သွားရန်

The Christ Jesus အကြောင်း ကျမ်းစာအခန်းငယ်များ: Perfections of (Not classified under foregoing topics)

6 အခန်းငယ် · 25 ရှုထောင့်

"The Christ Jesus" ကို ရှာဖွေရန်

Perfections of (Not classified under foregoing topics) အကြောင်း အခန်းငယ်များ

  1. တရားဆုံးဖြတ်တော်မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမြို့သားတို့သည် ယောန ဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤအရပ်၌ ကား၊ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏။

  2. တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည်၊ ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား၊ ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ပညာစကားကို နားထောင်ခြင်းငှါ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား၊ ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏။

  3. ထိုအခါ ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌ သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊

  4. အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကိုအပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့ နှင့် အဘယ်သို့ ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့ဟု ဆိုကြသော်၊

  5. ဟောချက်စကားဟူမူကား၊ ငါ့ထက် တတ်စွမ်းနိုင်သောသူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ ခြေနင်း တော်ကြိုးကိုမျှ ငုံ့၍ဖြတ်ခြင်းငှါ ငါမထိုက်။

  6. ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ သင်တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။