အကြောင်းအရာသို့ ကျော်သွားရန်

The Christ Jesus အကြောင်း ကျမ်းစာအခန်းငယ်များ

607 အခန်းငယ် · 25 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။

  2. အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။

  3. ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု၊

  4. တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ၏။

  5. ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင်၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့။

  6. လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း။

  7. ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။

  8. သို့သော်လည်းသင်တို့တွင် မယုံကြည်သောသူတချို့ရှိ၏။

  9. ထိုကြောင့် ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင်၊ အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက် ငါဆိုခဲ့ပြီဟု မိန့်တော်မူ၏။ ထိုသိုမိန့်တော်မူသည် အကြောင်းဟူမူကား၊ အဘယ်သူမယုံကြည်သည်ကို၎င်း၊ အဘယ်သူသည် ကိုယ်တော်ကို အပ်နှံမည်ကို၎င်း၊ ယေရှုသည်အစအဦး၌ သိတော်မူ၏။

  10. ထိုအခါမှစ၍ တပည့်တော်များတို့သည် ကိုယ်တော်နှင့်မပေါင်းဘော်ဘဲ ဆုတ်သွားကြ၏။

  11. ထိုကြောင့် ယေရှုသည် တကျိပ်နှစ်ပါးသောသူတို့အား၊ သင်တို့သည်လည်း ထွက်သွားခြင်းငှါ အလိုရှိ ကြသလောဟုမေးတော်မူလျှင်၊

  12. ရှိမုန်ပေတရုက၊ သခင်၊ အကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရမည်နည်း။ ထာဝရအသက်နှင့် ယှဉ်သော စကားသည်ကိုယ်တော်၌ တည်ပါ၏။

  13. ညီတော်တို့က၊ သင်ပြုသောအမှုတို့ကို တပည့်များတို့သည်မြင်စေခြင်းငှါ ဤအရပ်မှထွက်၍ ယုဒပြည် သို့ကြွပါ။

  14. ကျော်စောကိတ္တိကို အလိုရှိသောသူမည်သည်ကား မထင်ရှားသောအားဖြင့် အဘယ်အမှုကိုမျှ မပြု တတ်။ ဤအမှုတို့ကို သင်သည်ပြုလျှင်။ ဤလောက၌ ကိုယ်ကိုထင်ရှားစွာ ပြပါဟု၊

  15. မယုံကြည်သောကြောင့် ယေရှုအားဆိုကြ၏။

  16. လူအစုအဝေးတို့သည် ကိုယ်တော်ကိုအကြောင်းပြု၍ အုတ်အုတ်သဲသဲဖြစ်ကြ၏။ အချို့တို့က၊ သူ သည်သူတော်ကောင်းဖြစ်သည်ဟူ၍၎င်း၊ အချို့တို့က၊ သူတော်ကောင်းမဟုတ်၊ လူများကိုလှည့်ဖျားသည်ဟူ၍ ၎င်း ဆိုကြ၏။

  17. သို့သော်လည်း ယုဒလူတို့ကို ကြောက်သောကြောင့် အဘယ်သူမျှ အတည့်အလင်းမပြောဝံ့ကြ။

  18. ထိုအခါ ယေရုရှလင်မြို့သားအချို့ကလည်း၊ ဤသူကိုသတ်အံ့သောငှါ ရှာကြသည်မဟုတ်လော။

  19. ကြည့်ပါ။ သူသည်ထင်ရှားစွာဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား၊ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည် အမှန်သိကြသလော။

  20. သို့သော်လည်း ဤသူသည် အဘယ်ကဖြစ်သည်ကိုငါတို့သိကြ၏။ ခရစ်တော်သည် ကြွလာတော်မူ သောအခါ အဘယ်ကဖြစ်တော်မူသည်ကို အဘယ်သူမျှမသိရဟု ဆိုကြ၏။

  21. တဖန်ယေရှုက၊ ငါသည်သွားရမည်။ သင်တို့သည်ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြ လိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူ၏။

  22. ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့သင်တို့ မရောက်နိုင်ကြဟုသူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟု ဆိုကြ၏။

  23. ထိုကြောင့်သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟုငါဆို၏။ ငါသည်ဤမည်သောသူဖြစ်သည်ကို သင်တို့သည်မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။

  24. ထိုသူတို့ကလည်း။ သင်သည်အဘယ်သူနည်းဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆို သည်အတိုင်း ငါဖြစ်၏။

  25. သင်တို့အမှု၌ ငါပြောဆိုစီရင်စရာများစွာရှိ၏။ သို့သော်လည်း ငါ့ကိုစေလွှတ်သောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်ဟု မိန့်တော်မူ၏။