Skip to content

Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ

465 အခန်းငယ် · 94 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊

  2. စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သော ပလ္လင်၊

  3. မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊

  4. အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊

  5. လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။

  6. မောရှေသည် တဲတော်ကို ယူ၍ တပ်ပြင်၌ ခပ်ဝေးဝေးဆောက်ပြီးလျှင်၊ ပရိသတ် စသည်းဝေးရာတဲဟူ၍ ခေါ်ဝေါ်၏။ ထာဝရဘုရားကို ရှာသောသူ အပေါင်းတို့သည် တပ်ပြင်၌ ရှိသော ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ၏။

  7. မောရှေသည် တဲတော်သို့ ထွက်သွားသောအခါ၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ရပ်လျက် တဲတော်အထဲသို့ မောရှေဝင်သည် တိုင်အောင် ကြည့်ရှုလျက်နေကြ၏။

  8. မောရှေသည်တဲတော်အထဲသို့ ဝင်ပြီးမှ၊ မိုဃ်းတိမ်တိုင် ဆင်းသက်၍ တဲတော်တံခါးဝ၌ ရပ်သဖြင့်၊ ထာဝရဘုရားသည် မောရှေနှင့် နှုတ်ဆက်တော်မူ၏။

  9. တဲတော်တံခါးဝ၌ မိုဃ်းတိမ်တိုင်ရပ်နေသည်ကို မြင်လျှင်၊ လူအပေါင်းတို့သည် ထ၍ အသီးအသီး မိမိတို့တဲတံခါးဝ၌ ကိုးကွယ်ကြ၏။

  10. ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည် နည်းတူ၊ မောရှေနှင့် မျက်နှာချင်းဆိုင် ၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏လက်ထောက်နုန်၏သား ယောရှုမည်သော လုလင်သည်၊ တဲတော်မထွက်ဘဲ နေ၏။

  11. တဖန် မောရှေသည်၊ ဣသရေလအမျိုးသားပရိသတ်အလယ်၌ ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုသည်ကား၊

  12. သင်တို့တွင် ထာဝရဘုရားအား လှူသော အလှူကို ပြင်ဆင်ကြလော့။ ကြည်ညိုသော စေတနာစိတ် ရှိသမျှသော သူတို့သည်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

  13. ပြာသော အထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး၊

  14. အနီဆုံးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား၊

  15. လိမ်းရန် ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်း မွှေးဘော်ဘို့ရာ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊

  16. ရဟံကျောက်၊ ယဇ်ပုရောဟိတ်သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော ထာဝရဘုရား အား လှူသောအလှူကို ဆောင်ခဲ့ကြလော့။

  17. သင်တို့တွင် လိမ္မာသော သူရှိသမျှတို့သည်လာ၍၊

  18. တဲတော်နှင့်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ရွှေချောင်း၊ ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်တို့ကို၎င်း၊

  19. သေတ္တာနှင့် သူ၏ထမ်းဘိုး၊ သေတ္တာအဖုံး၊ ကာရသော ကုလားကာကို၎င်း၊

  20. စားပွဲနှင့် သူ၏ထမင်းဘိုး၊ သူ၏တန်ဆာရှိသမျှနှင့် ရှေ့တော်မုန့်ကို၎င်း၊

  21. မီးထွန်းစရာဘို့ မီးခုံနှင့် သူ၏တန်ဆာ၊ မီးခွက်များ၊ မီးထွန်းစရာဆီကို၎င်း၊

  22. နံ့သာပေါင်းရှို့သော ပလ္လင်နှင့် သူ၏ထမ်းဘိုး၊ လိမ်းရန်ဆီ၊ မွှေးသော နံ့သာပေါင်း၊ တဲတော်တံခါးဝ ကာရန် ကုလားကာကို၎င်း၊

  23. မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်နှင့် ကြေးဝါဆန်ခါ၊ ထမ်းဘိုး၊ တန်ဆာရှိသမျှ၊ အင်တုံနှင့် ခြေထောက်ကို၎င်း၊

  24. တဲတော်ဝင်းကုလားကာ၊ တိုင်၊ ခြေစွပ်၊ ဝင်းတံခါးဝကာစရာ ကုလားကာကို၎င်း၊

  25. တဲတော်တံသင်၊ ဝင်းတံသင် ကြိုးများကို၎င်း၊