အကြောင်းအရာသို့ ကျော်သွားရန်

Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ: The Lord reveals Himself at

12 အခန်းငယ် · 94 ရှုထောင့်

The Lord reveals Himself at အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊

  2. ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပဌမနေ့၌သိနာတောတွင် ပရိသတ်စည်းဝေးရာ တဲတော်မှာ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊

  3. မောရှေသည် ဘုရားသခင်ကို လျှောက်ခြင်းငှါ ပရိသတ်စည်းဝေးရာ တဲတော်ထဲသို့ ဝင်သောအခါ၊ ခေရု ဗိမ်နှစ်ပါးကြားမှာ၊ သက်သေခံချက်သေတ္တာအပေါ်၌ တင်သောအဖုံးထက်သော ဘုရားသခင် ခေါ်တော်မူသံ ကို မောရှေသည်ကြား၍ ထူးလေ၏။

  4. ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။

  5. ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။

  6. ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရား သည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။

  7. အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ်။

  8. သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကား အားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက်၊

  9. အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့်၊

  10. မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊

  11. ထာဝရဘုရားကလည်း၊ သင်သည် သေရသော အချိန်နီးပြီ။ ယောရှုကို ခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှု သည် သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ် ကြ၏။

  12. ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ် တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော် တံခါးဝအပေါ်မှာ တည်နေ၏။