Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ: Israelites worship at
Israelites worship at အကြောင်း အခန်းငယ်များ
တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။
ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။
မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
မောရှေနှင့် အာရုန်တို့သည် လူအစုအဝေးမှ ထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့ သွား သဖြင့်၊ ပြပ်ဝပ်လျက် နေကြစဉ်၊ ထာဝရဘုရား၏ ဘုန်း တော်သည် ထင်ရှားလေ၏။
ထိုအခါ ဣသရေလ အမျိုးသားတယောက် သည်၊ မောရှေ့ရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။
ဧလိသည် အသက်အရွယ်လွန်သောအခါ၊ သူ၏သားတို့သည် ဣသရေလလူအပေါင်းတို့၌ ပြုသမျှ ကို၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမနှင့် မှားယွင်းကြောင်းကို ၎င်း ကြားသိလျှင်၊
ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။