Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ: Anointed and consecrated with oil
Anointed and consecrated with oil အကြောင်း အခန်းငယ်များ
လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည်။
ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လိမ်းရန်ဆီကိုယူ၍၊ တဲတော်နှင့် တဲတော် တန်ဆာရှိသမျှကို လိမ်းသဖြင့် သန့်ရှင်းစေ၏။
မောရှေသည် တဲတော်ကို ထူထောင်၍၊ တဲတော် နှင့် တဲတော်တန်ဆာရှိသမျှတို့ကို၎င်း၊ ယဇ်ပလ္လင်နှင့် ယဇ် ပလ္လင်တန်ဆာရှိသမျှတို့ကို၎င်း၊ ဆီလူး၍ သန့်ရှင်းစေခြင်း အမှုကို လက်စသတ်သောနေ့၌၊