Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ: Carried
Carried အကြောင်း အခန်းငယ်များ
ထိုသို့ တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်း သော တန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟယ်သားတို့သည် ထမ်းခြင်းငှါ ချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း သန့်ရှင်းသောအရာကို မကိုင်ရ၊ ဤရှေ့ကား ပရိသတ် စည်းဝေးရာ တဲတော်၌ ကောဟတ်သားများ ဆောင်ရွက် ရသော အမှုပေတည်း။
အတွင်းတဲတော် ကုလားကာ၊ ပရိသတ်စည်း ဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တဟာရှသား ရေအဖုံး၊ ပရိသတ်စည်းဝေးရာ တဲတော်ကုလားကာ၊ အပေါ်တဲ၊ တာဟာရှသားရေအဖုံး၊ ပရိသတ်စည်းဝေး ရာ တဲတော်တံခါးဝ၌ ကာသောကုလားကာ၊
သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၌ စောင့်ရသောအမှု၊ ထမ်းရသောဝန်ဟူမူကား၊ တဲတော် ပျဉ်ပြား၊ ကန့်လန့်ကျင်၊ တိုင်၊ ခြေစွပ်၊