Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ: Performed all services in
Performed all services in အကြောင်း အခန်းငယ်များ
အာရုန်နှင့် သူ၏သားတို့ကိုလည်း ခန့်ထား၏။ သူတို့သည် ယဇ်ပုရောဟိတ်အမှုကို စောင့်ရကြမည်။ သူ၏အမျိုးမှ တပါးအခြားသောသူသည် ချဉ်းကပ်လျှင် အသေသတ်ခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
တဖန် ထာဝရဘုရားသည် အာရုန်အား မိန့် တော်မူသည်ကား၊ သင်နှင့် သင်၏သားမြေးအဆွေအမျိုး တို့သည်၊ သန့်ရှင်းရာဌာနတော်နှင့်ဆိုင်သောအပြစ်၊ သင်တို့ ယဇ်ပုရောဟိတ်အရာနှင့် ဆိုင်သော အပြစ်ကို ခံရကြမည်။
သင်၏ ဘိုးဘအဆွေအမျိုး၊ လေဝိအမျိုးသား ညီအစ်ကိုချင်းတို့သည်၊ သင်နှင့်အတူ ကူညီ၍ အမှုတော် ကို ဆောင်ရွက်စေခြင်းငှါ ခေါ်ထားလော့။ သို့ရာတွင် သင်နှင့်တကွ သင်၏သားတို့သည်၊ သက်သေခံချက် တဲတော်ရှေ့မှာ အမှုတော်ကို ဆောင်ရွက်ရကြမည်။
ထိုသို့ ခပ်သိမ်းသော အရာတို့သည် ပြင်ဆင်လျက် ရှိသောအခါ၊ ယဇ်ပုရောဟိတ်တို့သည် ဝတ်ပြု၍ ပဌမတဲတော်အတွင်းသို့ အစဉ်ဝင်ကြရ၏။