Tabernacle အကြောင်း ကျမ်းစာအခန်းငယ်များ: Renewed by David, and pitched on Mount Zion
Renewed by David, and pitched on Mount Zion အကြောင်း အခန်းငယ်များ
ထိုနောက်ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက် တော်မူ၏။ ဘုရားသခင်၏ သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊
ထိုသို့ဘုရားသခင်၏ သေတ္တာတော်ကို ဆောင်ခဲ့၍ ဒါဝိဒ်ဆောက်နှင့်သော တဲအလယ်၌ထားပြီးမှ၊ မီးရှို့ရာ ယဇ်နှင့် မိဿဟာယယဇ်တို့ကို ဘုရားသခင့်ရှေ့တော်၌ ပူဇော်ကြ၏။
မီးရှို့ရာယဇ်နှင့် မိဿဟာယယဇ်ပူဇော်ခြင်း အမှုကို ဒါဝိဒ်မင်းသည် ပြီးစီးစေသောအခါ၊ ထာဝရ ဘုရား၏နာမတော်ကို မြွက်၍ ပရိသတ်တို့ကို ကောင်းကြီး ပေးလေ၏။
ဘုရားသခင်၏ သေတ္တာတော်ကို ကားဒါဝိဒ် ပြင်ဆင်သောအရပ်၊ ယေရုရှလင်မြို့၌ ဆောက်နှင့် သောတဲသို့ ကိရယတ်ယာရိမ် မြို့မှ ဆောင်ခဲ့သော်လည်း၊