အကြောင်းအရာသို့ ကျော်သွားရန်

Rivers အကြောင်း ကျမ်းစာအခန်းငယ်များ

89 အခန်းငယ် · 59 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအခါပင် လယ်ရေပြတ် လိမ့်မည်။ မြစ်ရေ လည်းလျော့၍ ခန်းခြောက် လိမ့်မည်။

  2. ချောင်းရေများလည်း ပုပ်ကြလိမ့်မည်။ အဲဂုတ္တုမြစ်လက်ကြားတို့လည်း ရေပြတ်၍ ခန်းခြောက်သဖြင့်၊ ကျူပင်နှင့် ကိုင်းပင်တို့သည် ညှိုးနွမ်းကြလိမ့်မည်။

  3. မြစ်လက်ကြားနားနှင့် ချောင်းဝနားမှာ ပေါက် သော မြက်ပင်အစရှိသော၊ မြစ်နားမှာ စိုက်သမျှတို့သည် ညှိုးနွမ်းပျက်စီးပပျောက်ကြလိမ့်မည်။

  4. တံငါတို့သည် ညည်းတွားကြလိမ့်မည်။ မြစ်၌ ငါးမျှားကို ချသမျှသောသူတို့သည် မြည်တမ်း၍ ရေပေါ် မှာ ပိုက်ကွန်ကို ဖြန့်တတ်သော သူတို့သည် စိတ်ပျက် ကြလိမ့်မည်။

  5. များသောရေကို အမှီပြုသော ရှိဟောရ မျိုးစေ့၊ မြစ်၏ အသီးအနှံကို ထိုမြို့သည် အခွန်ရ၍၊ အတိုင်းတိုင်း အပြည်ပြည်တို့၏ ဈေးဖြစ်လေပြီ။

  6. အိုတာရှုမြို့၏သ္မီး၊ ကမ်းရိုးပျက်လေပြီ။ မြစ်ကဲ့သို့ ကိုယ်ပြည်ကို နှံ့ပြားလော့။

  7. ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူ သည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။

  8. သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။

  9. ထိုမင်းတို့သည် လေလုံ၍ မိုဃ်းသက်မုန်တိုင်း ကွယ်ရာအရပ်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ စီးသော ချောင်းကဲ့သို့၎င်း၊ နေပူသော အရပ်၌ ကျောက်လုံးကြီးအ ရိပ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

  10. ရေရှိရာအရပ်ရပ်တို့၌ မျိုးစေ့ကိုကြဲ၍၊ နွားခြေ နှင့် မြည်းခြေတို့ကို လွှတ်တတ်သောသင်တို့သည် မင်္ဂလာ ရှိကြ၏။

  11. ထိုမြို့တွင် ဘုန်းကြီးသော ထာဝရဘုရားသည် ငါတို့၌ ကျယ်သောမြစ်များ ဆုံးရာအရပ် ဖြစ်တော်မူလိမ့် မည်။ ထိုအရပ်၌ တက်သောရဲလှေ၊ အားကြီးသော သင်္ဘောတစင်းမျှ မရှောက်မသွားရ။

  12. မြင့်သောအရပ်တို့၌ မြစ်ကို၎င်း၊ နိမ့်သော အရပ်တို့၌ စမ်းရေကို၎င်း ငါပေါက်စေမည်။ တောအရပ် ၌ ရေကန်များကို၎င်း၊ သွေ့ခြောက်သောအရပ်၌ စမ်းရေ တွင်းများကို၎င်း ငါဖြစ်စေမည်။

  13. သင်သည် ရေကို ရှောက်သွားသောအခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကို ရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကို ချင်းနင်းသောအခါလည်း မလောင် ရ။ မီးလျှံလည်း မညိရ။

  14. ကြည့်ရှုလော့။ အမှုသစ်ကို ငါပြုမည်။ ယခု ပေါ်လာလိမ့်မည်။ သင်တို့သည် အမှန်သိမြင်ရကြလိမ့် မည်။ အကယ်စင်စစ် တော၌လမ်းကို၎င်း၊ လွင်ပြင်၌ စီးသော ရေကို၎င်း ငါဖန်ဆင်းမည်။

  15. မြေခွေးနှင့် ကုလားအုပ်ငှက်မှစ၍၊ တောသားရဲ တို့သည် ငါ၏ဂုဏ်ကျေးဇူးကို ချီးမွမ်းကြလိမ့်မည်။ အကြောင်းမူကား၊ ငါရွေးကောက်သောသူ၊ ငါ၏လူတို့ သောက်စရာဘို့ တော၌ရေများကို၎င်း၊ လွင်ပြင်၌ မြစ်တို့ကို၎င်း ငါပေးမည်။

  16. ငါလာသောအခါ အဘယ်ကြောင့် လူမရှိသ နည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော။ ကယ် ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမ သဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ၏။ ရေငတ်၍ သေကြ၏။

  17. ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။

  18. ယခုမှာ သင်သည် ရှိဟောရမြစ်ရေကို သောက် အံ့သောငှါ၊ အဲဂုတ္တုလမ်းသို့ အဘယ်ကြောင့် လိုက် သနည်း။ ဥဖရတ်မြစ်ရေကို သောက်အံ့သောငှါ၊ အာရှုရိ လမ်းသို့ အဘယ်ကြောင့် လိုက်သနည်း။

  19. ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။

  20. ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ် ဖြစ်လျက်၊ တပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့် မြို့၌နေသော သူတို့ကို၎င်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြ လိမ့်မည်။

  21. ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။

  22. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏အမှုကို ငါစောင့်မည်။ သင်ခံရသောအပြစ်ကို ပြန်ပေးမည်။ သူ၏ပင်လယ်ကို၎င်း၊ သူ၏စမ်းရေတွင်း တို့ကို၎င်း ငါခန်းခြောက်စေမည်။

  23. သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခါနိမင်းကြီး နန်းကျပဉ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊

  24. ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။

  25. ထိုခေရုဗိမ်တို့သည် ချီကြွလျက် ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။