Skip to content

Rivers အကြောင်း ကျမ်းစာအခန်းငယ်များ

89 အခန်းငယ် · 59 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။

  2. တဖန် အတောင်တထောင်စေ့အောင် တိုင်းသောအခါ မကူးနိုင်သော မြစ်ဖြစ်လေ၏။ ရေထ သောကြောင့် နင်း၍မကူးနိုင်၊ ခြေထောက်၍ မမှီပဲ ကူးရသောမြစ်ဖြစ်၏။

  3. ပြန်စဉ်အခါ မြစ်နားနှစ်ဘက်၌ များစွာသော အပင်တို့ကို ငါမြင် ၏။

  4. ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကို ရှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သော အားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။

  5. အခြားသော သူက၊ အိုဂါဗြေလ၊ ထိုသူသည် ယခု မြင်သော ဗျာဒိတ်ရူပါရုံကို နားလည်စေခြင်းငှါ အနက်ကို ပြန်ပောလော့ဟု၊ ဥလဲ မြစ်နားကြားမှာ လူအသံနှင့်ဟစ်၍ ပြောဆိုသည်ကို ငါကြား၏။

  6. ထိုအခါ ငါဒံယေလသည် ကြည့်ရှုလျှင်၊ အခြားသောသူနှစ်ပါးတို့သည် မြစ်ကမ်းတို့၌ တဘက်တပါး စီရပ်နေကြ၏။

  7. ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။

  8. ပင်လယ်ကို ဆုံးမ၍ ခန်းခြောက်စေတော်မူ၏။ ခပ်သိမ်းသော မြစ်ရေကိုလည်း ကုန်စေတော်မူ၏။ ဗာရှန် တောင်နှင့် ကရမေလတောင်တို့သည် ညှိုးနွမ်းကြ၏။ လေဗနုန်အပွင့်လည်း ညှိုးနွမ်း၏။

  9. ပင်လယ်အလယ်၌ ရှောက်သွား၍ ညှဉ်းဆဲ လျက်၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည်။ မြစ်၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့် မည်။ အာရှုရိပြည်၏မာနကို နှိမ့်ချ၍၊ အဲဂုတ္တုမင်း၏ အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည်။

  10. မိမိတို့အပြစ်များကို ဘော်ပြလျက်ယော်ဒန်မြစ်၌ ဗတ္တိဇံကို ခံကြ၏။

  11. ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကိုငါတို့ရှိသမျှသည်ခံရကြပြီ။

  12. ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။

  13. ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သောဝိညာဉ်တော်ကို ရည်မှတ်၍ မိန့် တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မမူသေး။

  14. ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏။