အကြောင်းအရာသို့ ကျော်သွားရန်

Rivers အကြောင်း ကျမ်းစာအခန်းငယ်များ: Chebar

4 အခန်းငယ် · 59 ရှုထောင့်

"Rivers" ကို ရှာဖွေရန်

Chebar အကြောင်း အခန်းငယ်များ

  1. သက္ကရာဇ်သုံးဆယ်ပြည့်၊ ယေခါနိမင်းကြီး နန်းကျပဉ္စမနှစ်၊ စတုတ္ထလငါးရက်နေ့၌ ငါသည် သိမ်းသွားသော သူတို့တွင် ခေဗာမြစ်နားမှာရှိနေစဉ်၊

  2. ထိုအခါခါလဒဲပြည်၊ ခေဗာမြစ်နားမှာ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ယဇ်ပုရောဟိတ် ဗုဇိသားယေဇကျေလ အမည် ရှိသော ငါဆီသို့ရောက်၍၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာ တင်လျက်ရှိ၏။

  3. ထိုခေရုဗိမ်တို့သည် ချီကြွလျက် ရှိကြ၏။ ဤသည်ကား၊ ခေဗာမြစ်နားမှာ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။

  4. ဤသည်ကား၊ ခေဗာမြစ်နားမှာ ဣသရေလ အမျိုး၏ ဘုရားသခင့်အောက်၌ ငါမြင်ဘူးသော သတ္တဝါ ပေတည်း။ ခေရုဗိမ်ဖြစ်သည်ကိုလည်း ငါသိ၏။