အကြောင်းအရာသို့ ကျော်သွားရန်

Rivers အကြောင်း ကျမ်းစာအခန်းငယ်များ: (Overflowing of,) of God's judgments

5 အခန်းငယ် · 59 ရှုထောင့်

(Overflowing of,) of God's judgments အကြောင်း အခန်းငယ်များ

  1. ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှု ရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍များသော မြစ်ရေနှင့်သူတို့ကို လွှမ်းမိုးစေတတ်တော်မူသဖြင့်။ ထိုမြစ် သည် မိမိချောင်များကို လွှမ်း၍၊ မိမိကမ်များကို လျှံလျက်၊

  2. ယုဒပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မှီလိမ့်မည်။ သူ၏ အတောင်တို့ကို လည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတပြင်လုံးကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလဟု မိန့်တော်မူ၏။

  3. ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူ သည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်မုန် တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။

  4. သင်တို့သည် သေမင်းနှင့်ဖွဲ့သော မိဿဟာယ ပျက်လိမ့်မည်။ မရဏာနိုင်ငံနှင့် အကျွမ်းဝင်ခြင်းသည် အထမမြောက်ရ။ လွှမ်းမိုးသောဘေးသည် ချင်းနင်းသော အခါ၊ သင်တို့ကိုလည်း ကျော်နင်းလိမ့်မည်။

  5. ထာဝရဘုရားမိန့်တော်မူသည်ကား၊ မြောက် မျက်နှာဘက်က ရေသည်ထ၍ လွှမ်းမိုးသောပင်လယ် ဖြစ်လျက်၊ တပြည်လုံးနှင့်၊ ပြည်၌ ပါသမျှကို၎င်း၊ မြို့နှင့် မြို့၌နေသော သူတို့ကို၎င်းလွှမ်းမိုး၍၊ သူတို့သည် အော်ဟစ် ကြလိမ့်မည်။ ပြည်သူပြည်သားတို့သည် မြည်တမ်းကြ လိမ့်မည်။