အကြောင်းအရာသို့ ကျော်သွားရန်

Oil အကြောင်း ကျမ်းစာအခန်းငယ်များ

97 အခန်းငယ် · 49 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။

  2. သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊

  3. ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။

  4. ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊

  5. မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊

  6. နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။

  7. ဂျုံ၊ မုယော၊ စပျစ်ပင်၊ သင်္ဘောသဖန်းပင်၊ သလဲပင်နှင့် ပြည့်စုံသောပြည်၊ သံလွင်ဆီ၊ ပျားရည်နှင့် ပြည့်စုံသောပြည်၊

  8. စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သော တဘို့၊ သိုးနွားတွင် အဦးဘွားသော သားငယ်၊ သစ္စာဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော် သက္ကာ၊ ချီမြှောက်ရာ ပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့ သည် ကိုယ်နေရာအရပ်၌ မစားရ ကြ။

  9. အဦးသိမ်းသော စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးမွေးကို ၎င်း လှူရမည်။

  10. ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်မှာ လောင်းလေ၏။ တဖန် သူ့ကိုနမ်းသဖြင့်၊ ထာဝရဘုရားသည် သင့်ကို အမွေတော်လူမျိုး၏ မင်းအရာ၌ ခန့်ထား၍ ဆီလောင်ခြင်း ဘိသိက်ကိုပေးတော်မူ၏။

  11. တဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့် ပြည့်စေလော့။ ဗက်လင်မြို့သား ယောရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဘို့ ရှင်ဘုရင် တပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။

  12. ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။

  13. ယဇ်ပုရောဟိတ်ဇာဒုတ်သည် တဲတော်ထဲက ဆီဘူးကိုယူ၍ ရှောလမုန်ကိုဘိသိက်ပေးပြီးမှ၊ သူတို့သည် တံပိုးမှုတ်၍၊ ရှောလမုန်မင်းကြီးသည် အသက်တော်ရှင် စေသတည်းဟု လူအပေါင်းတို့သည် ဟစ်ကြော်ကြ၏။

  14. ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။

  15. မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတပြားမျှမရှိ။ အိုးထဲမှာ မုန့်ညက်တလက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဘို့ဖုတ်၍ စားလိုသော ငှါ၎င်း၊ စားပြီးမှ သေလိုသောငှါ၎င်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။

  16. ဧလိယကလည်းမစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်းသွား၍ ပြုလော့။ သို့ရာတွင် ငါ့အဘို့ မုန့်ပြားငယ် တပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဘို့လုပ်လော့။

  17. ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုဃ်းရွာစေတော်မမူမှီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက်မကုန်။ ဘူး၌ရှိသော ဆီမလျော့ရဟု မိန့်တော်မူကြောင်း ကို ဆင့်ဆို၏။

  18. ထိုမုတ်ဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့ သည် အင်တန်ကာလပတ်လုံး စားရကြ၏။

  19. ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော် မူသောစကားအတိုင်း၊ အိုး၌ရှိသော မုန့်ညက်မကုန်၊ ဘူး၌ရှိသော ဆီမလျော့။

  20. နိမ်ရှိသား ယေဟုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။ အာဗေလ မဟောလမြို့နေ၊ ရှာဖတ်သားဧလိရှဲကို သင့်ကိုယ်စား ပရောဖက်အရာ၌ ခန့်ထား၍ ဘိသိက်ပေးလော့။

  21. ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။

  22. ဧလိရှဲကလည်း၊ သင့်အဘို့အဘယ်သို့ ငါပြုရ မည်နည်း။ သင့်အိမ်၌ အဘယ်ဥစ္စာရှိသနည်းဟု မေးလျှင်၊ ကိုယ်တော်ကျွန်မအိမ်၌ ဆီအိုးတလုံးမှတပါး အဘယ်ဥစ္စာမျှ မရှိပါဟု ပြောဆိုသော်၊

  23. ဧလိရှဲက သွားလော့။ အိမ်နီးချင်းရှိသမျှတို့တွင် လပ်သောအိုးတို့ကို ငှါးယူလော့။ များစွာသော အိုးတို့ကို ငှားယူလော့။

  24. ကိုယ်အိမ်သို့ ရောက်သောအခါ၊ သားတို့ကို ခေါ်၍ တံခါးကို ပိတ်ပြီးမှ ငှါးယူသော အိုးများအထဲသို့ ဆီကို အပြည့်လောင်း၍ ထားလော့ ဟုစီရင်သည်အတိုင်း၊

  25. ထိုမိန်းမသည် သွား၍သားတို့သည် အိုးများကို ယူခဲ့ပြီးမှ၊ မိန်းမသည် သားတို့နှင့်အတူ အိမ်ထဲသို့ဝင်၍ တံခါးကိုပိတ်လျက် ဆီကို လောင်းလေ၏။