အကြောင်းအရာသို့ ကျော်သွားရန်

Oil အကြောင်း ကျမ်းစာအခန်းငယ်များ: Given by God

5 အခန်းငယ် · 49 ရှုထောင့်

"Oil" ကို ရှာဖွေရန်

Given by God အကြောင်း အခန်းငယ်များ

  1. တိရစ္ဆာန်ဘို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့ စပါးပင်ကို၎င်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ၏။

  2. စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။

  3. ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။

  4. အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။

  5. ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။