Oil အကြောင်း ကျမ်းစာအခန်းငယ်များ: Exported
Exported အကြောင်း အခန်းငယ်များ
ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။
ယုဒပြည်နှင့်ဣသရေလပြည်သည် သင်နှင့်ကုန် သွယ်၍၊ ဂျုံစပါး၊ မုရန်စေး၊ ပနက်စေး၊ ဗာလစံစေး၊ ဆီ၊ ပျားရည်တို့ကို သင့်ဈေး၌ သွင်းကြ၏။
ဧဖရိမ်သည် လေကို ကျက်စားတတ်၏။ အရှေ့ လေကို လိုက်တတ်၏။ နေ့တိုင်းမုသာစကားနှင့် ပျက်စီး ခြင်းအကြောင်းတို့ကို များပြားစေတတ်၏။ အာရှုရိလူတို့ နှင့် မိဿဟာယဖွဲ့လျက်နှင့်ပင်၊ အဲဂုတ္တုပြည်သို့ ဆီကို ယူသွားတတ်၏။