အကြောင်းအရာသို့ ကျော်သွားရန်

National Sins အကြောင်း ကျမ်းစာအခန်းငယ်များ

152 အခန်းငယ် · 34 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟုဆိုသော်လည်း၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။

  2. ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။

  3. အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။

  4. အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမတောင်၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည်။

  5. ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။

  6. သင်သည် ငါ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ်၍ သိမည်အကြောင်း၊ စစ်သောသူအရာ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။

  7. ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏။

  8. ဖိုကိုမီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သော သူသည် မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ် မပယ်နိုင်။

  9. ထိုသူတို့ကိုပယ်သော ငွေဟူ၍ ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။

  10. သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊

  11. ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော။

  12. ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

  13. ရှေ့ဦးစွာငါ၏ နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။

  14. ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊

  15. ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။

  16. သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

  17. သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား၊ သင်တို့ မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏ သိုးစုကို သိမ်း သွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန် ငို၍ မျက်ရည် ကျမည်။

  18. ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သော ဘေးဒဏ်ကို ငါနောင်တရမည်။

  19. ထိုသူတို့သည် ငါနှင့် တိုင်ပင်ဘက်ပြုလျှင်၊ ငါ့စကားကို ငါ၏ လူမျိုးအားဆင့်ဆို၍၊ ငါ၏လူမျိုးကို မတရားသော လမ်းမှ၎င်း၊ မကောင်း သောအကျင့်ဓလေ့ မှ၎င်း လွဲသွားစေကြပြီ။

  20. ထာဝရဘုရားမိန့်တော်မူသည်ကား၊ အနှစ် ခုနစ်ဆယ်စေ့သောအခါ၊ ဗာဗုလုန်ရှင်ဘုရင်နှင့် သူ၏ နိုင်ငံတည်းဟူသော ခါလဒဲတိုင်းနိုင်ငံ၏ အပြစ် ကြောင့်၊ ငါသည် သူတို့ကို ဒဏ်ပေး၍၊ ထိုနိုင်ငံကို အစဉ် အမြဲ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။

  21. မောဘသည်အိုးတလုံးမှ တလုံးသို့မပြောင်း၊ တကျွန်းတနိုင်ငံသို့ ယူသွားခြင်းကိုမခံ၊ ငယ်သော အရွယ်မှစ၍ ငြိမ်လျက်၊ မိမိအဖတ်အနည်ပေါ်၌ နေရာ ကျလျက်ရှိသောကြောင့်၊ မိမိအရသာသည် တည့်နေ၏။ မွှေးသောအနံ့လည်း မပျက်။

  22. မောဘ၏မာနကိုငါတို့သည် ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ မာနကြီးခြင်း၊ ထောင်လွှား စော်ကားခြင်း၊ စိတ်နှလုံးမြင့်ခြင်းရှိသော်လည်း၊

  23. သူ၏ဒေါသအမျက်ထွက်ခြင်းကို ငါသိသည် ဖြစ်၍၊ သူသည် အချည်းနှီးသက်သက်ဝါကြွားသော စကားကို ပြောလျက်နှင့်၊ မိမိအလိုမပြည့်စုံရာဟု ထာဝရ ဘုရားမိန့်တော်မူ၏။

  24. ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နှုတ်ကြလော့။ မြို့သားတို့၏အပြစ် နှင့်ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုး အပြစ်နှင့်အလျောက် စီရင်တော်မူမည်။

  25. များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီး သောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘ အလိုပျက်ချိန် ရောက်လေပြီ။