National Sins အကြောင်း ကျမ်းစာအခန်းငယ်များ: Denunciations against
Denunciations against အကြောင်း အခန်းငယ်များ
ထိုကြောင့်၊ ဣသရေလ အမျိုး၌ တန်ခိုးကြီး သောဘုရား၊ ကောင်းကင်ဗိုလ်ခြေသခင် အရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ အဲ၊ ငါ့တဘက်၌ နေသော သူတို့ကို ပယ်ရှားပြီးမှ ငါချင်ရဲပြေမည်။ ကိုယ်အဘို့ကို စောင့်၍ ငါ့ရန်သူတို့ကို အပြစ်နှင့် အလျောက်စီရင်မည်။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသားတို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်းတိုင်ပင်ကြ၏။ ငါ့ဝိညာဉ် အခွင့်မရှိဘဲ မိဿဟာယဖွဲ့၍ အထပ်ထပ်အပြစ်ရောက် ကြ၏။
ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။
သင်သည် ငါ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ်၍ သိမည်အကြောင်း၊ စစ်သောသူအရာ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။
ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏။
ဖိုကိုမီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သော သူသည် မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ် မပယ်နိုင်။
ထိုသူတို့ကိုပယ်သော ငွေဟူ၍ ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။