အကြောင်းအရာသို့ ကျော်သွားရန်

National Sins အကြောင်း ကျမ်းစာအခန်းငယ်များ: National worship rejected on account of

13 အခန်းငယ် · 34 ရှုထောင့်

National worship rejected on account of အကြောင်း အခန်းငယ်များ

  1. သောဒုံမြို့ကို အစိုးရသောမင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့။ ဂေါမောရမြို့သားတို့၊ ငါတို့ဘုရားသခင်၏ တရား တော်ကို နားထောင်ကြလော့။

  2. ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ ပူဇော်သော ယဇ်များကို ငါသည်အဘယ်သို့ဆိုင်သနည်း။ မီးရှို့၍ ပူဇော်သောသိုးကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန်တို့၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့်သိုးသငယ်၊ ဆိတ် တို့၏အသွေးကို ငါမနှစ်သက်။

  3. သင်တို့သည် ငါရှေ့မှာ မျက်နှာပြခြင်းငှါ လာကြ သောအခါ၊ ငါ့တန်တိုင်းတော်ကို ကျော်နင်းသောသင်တို့၌ ထိုသို့သော ဝတ်ကို အဘယ်သူတောင်းသနည်း။

  4. အချည်းနှီးသော ပူဇော်သက္ကကို နောက်တဖန် မဆောင်ခဲ့ကြနှင့်၊ သင်တို့မီးရှို့သောနံ့သာပေါင်းကို ငါရွံရှာ၏။ လေဆန်နေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေး သော နေ့ကိုလည်း ရွံရှာ၏။ အဓမ္မအမှုနှင့်ရောနှော သော ဓမ္မစည်းဝေးခြင်းတို့ကို သည်းမခံနိုင်။

  5. ငါ့ဝိညာဉ်သည် သင်တို့လဆန်းနေ့များနှင့်၊ သင်တို့ပွဲများကို မုန်း၏။ ငါ့ကိုနှောက်ရှက်စရာဖြစ်၏။ သည်းခံခြင်းအားဖြင့် ငါပင်ပန်း၏။

  6. အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမတောင်၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည်။

  7. ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။

  8. သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊

  9. ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော။

  10. ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

  11. ရှေ့ဦးစွာငါ၏ နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။

  12. ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊

  13. ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။