အကြောင်းအရာသို့ ကျော်သွားရန်

National Sins အကြောင်း ကျမ်းစာအခန်းငယ်များ: Often caused and encouraged by rulers

13 အခန်းငယ် · 34 ရှုထောင့်

Often caused and encouraged by rulers အကြောင်း အခန်းငယ်များ

  1. ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည်။

  2. ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက် မေ့သောကြောင့်၊

  3. သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊

  4. ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊

  5. ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။

  6. ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။

  7. ယုဒပြည်၌ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ၏။

  8. ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။

  9. ကိုယ်တိုင်ပြစ်မှား၍ ဣသရေလအမျိုးကိုလည်း ပြစ်မှားစေသော ယေရောဗောင်၏ အပြစ်တို့ကြောင့် ဣသရေလအမျိုးကို စွန့်ပစ်တော်မူမည်ဟု ဆင့်ဆိုလေ ၏။

  10. ယုဒတောင်တို့ အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။

  11. ပရောဖက်ဧလိယ ပေးလိုက်သောစာသည် ထိုမင်းထံသို့ ရောက်သဖြင့်၊ သင့်အဘဒါဝိဒ်၏ ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ခမည်းတော်ယောရှဖတ်လမ်းနှင့် ယုဒရှင်ဘုရင်အာသ လမ်းသို့ မလိုက်၊

  12. ဣသရေလရှင်ဘုရင်တို့ လမ်းသို့လိုက်သော ကြောင့်၎င်း၊ အာဟပ်အမျိုး မှားယွင်းသည်နည်းတူ ယုဒ ပြည်သူ၊ ယေရုရှလင်မြို့သားတို့သည်၊ တပါးအမျိုးသားတို့ ၏ ဘုရားနှင့်မှားယွင်းရမည် အကြောင်းပြုသောကြောင့်၎င်း၊ ကိုယ်ထက်သာ၍ကောင်းသော ညီရင်းတို့ကို သတ် သောကြောင့်၎င်း၊

  13. မင်းသည်မုသာစကားကို နားထောင်လျှင်၊ ကျွန် အပေါင်းတို့သည် လူဆိုးဖြစ်ကြလိမ့်မည်။