အကြောင်းအရာသို့ ကျော်သွားရန်

Moabites အကြောင်း ကျမ်းစာအခန်းငယ်များ

122 အခန်းငယ် · 56 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဘတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲ သို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။

  2. အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမကြိုဆို၊ ကျိန်ဆဲစေ ခြင်းငှါ ဗာလံကိုငှါးကြ၏။ သို့ရာတွင် ငါတို့၏ ဘုရား သခင်သည် ကျိန်ဆဲသော စကားကို ကောင်းကြီးပေး သော စကားဖြစ်စေတော်မူ၏။

  3. ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။

  4. ဧဒုံပြည်၌နေသောသူ၊ ဣရှမေလအမျိုးသား၊ မောဘပြည်သား၊ ဟာဂရပြည်သား၊

  5. သူတို့သည် အနောက်ဘက်၌ ဖိလိတ္တိလူများကို လိုက်၍ တိုက်ကြလိမ့်မည်။ အရှေ့ပြည်သားတို့၏ ဥစ္စာကို အတူလုယူကြလိမ့်မည်။ဧဒုံအမျိုးနှင့် မောဘအမျိုး ကိုလည်း လုပ်ကြံကြလိမ့်မည်။ အမ္မုန်အမျိုးသားတို့ သည်သူတို့၏အုပ်စိုးခြင်းကို ခံရကြလိမ့်မည်။

  6. မောဘပြည် နှင့် ဆိုင်သော ဗျာဒိတ်တော်ကား၊ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည်အာရမြို့သည် ပျက် စီး၏။ လုပ်ကြံသော ညဉ့်အခါ၊ မောဘပြည် ကိရမြို့သည် ပျက်စီး၏။

  7. ပြည်သားတို့သည် ဗက်မြို့၊ဒိဘုန်မြို့၌ မြင့် သောအရပ်သို့ တက်၍ ငိုကြွေးကြ၏။ မောဘပြည်သူ တို့သည် နေဗောမြို့၊ မေဒဘမြို့ပေါ်မှာ ညဉ်းတွား မြည်တမ်းကြ၏။ သူတို့ခေါင်းပေါ်မှာ ဆံပင်မရှိ။ သူတို့ မုတ်ဆိတ်ကိုလည်း ရိတ်ပယ်ပြီ။

  8. လမ်းခရီးတို့တွင် လျှော်တေအဝတ်ကို ဝတ်ကြ ၍၊ အိမ်မိုးပေါ်၌၎င်း၊ လမ်းမ၌ ၎င်းရှိသမျှသော သူတို့သည် ညည်းတွားမြည်တမ်း၍၊ အလွန် မျက်ရည် ကျကြ၏။

  9. ဟေရှဘုန်မြို့နှင့် ဧလာလေမြို့တို့လည်း ငိုကြွေး ၍၊ ငိုသံသည် ယာဟတ်မြို့တိုင်အောင် ကြားရ၏။ မောဘ သူရဲတို့သည်လည်း၊ တုန်လှုပ်သောစိတ်နှလုံးနှင့် ငိုကြွေး ကြ၏။

  10. ငါ့နှလုံးသည်လည်း၊ မောဘအဘို့ ငိုကြွေး၏။ ပြေးသောသူတို့သည်၊ သုံးနှစ်အသက်ရှိသော နွားမကဲ့သို့ ဇောရမြို့တိုင်အောင် လည်ကြ၏။ လုဟိတ်တောင်ပေါ်သို့ မျက်ရည်ကျလျက် တက်ကြ၏။ ဟောရနိမ့်မြို့သို့ သွား သော လမ်း၌လည်း ဆုံးရှုံးခြင်းအသံကို လွှင့်ကြ၏။

  11. အကြောင်းမူကား၊နိမရိမ် ရေကန်တို့သည် ဆိတ်ညံ၍၊ မြက်ပင်များ သွေ့ခြောက်ခဲ့ပြီ။ ပျိုးပင်များ လည်း သေခဲ့ပြီ။ စိမ်းသောအပင် တပင်မျှမရှိ။

  12. ထို့ကြောင့်၊ သူတို့သည် မိမိတို့ဆည်းဖူးသော ဥစ္စာ၊ သိုထားသောဘဏ္ဍာများကို မိုဃ်းမခပင် ချိုင့်သို့ ယူသွားကြလိမ့်မည်။

  13. ငိုကြွေးသောအသံသည် မောဘပြည်ကို နှံ့ပြား လေ၏။ ညဉ်းတွားမြည်တမ်းသော အသံသည် ဧဂလိမ် မြို့ တိုင်အောင်၎င်း၊ ဗေရဧလိမ်မြို့ တိုင်အောင်၎င်း ရောက်လေ၏။

  14. အကြောင်းမူကား၊ မုဒိန်မြို့ရေတို့သည် အသွေး နှင့်ပြည့်ကြ၏။ ဒိဇုန်မြို့အပေါ်မှာ အခြားသော ဘေးများ ကိုင်း၊ လွတ်အောင်ပြေးသော မောဘပြည်သားနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်မှာ ခြင်္သေ့တို့ကို၎င်း ငါရောက်စေမည်။

  15. မြေရှင်ထံသို့ သိုးသငယ်ကို ပေးလိုက်ကြလော့။သေလမြို့မှတောတရှောက်လုံး၊ ဇိအုန်သတို့သမီး၏ တောင်သို့ပေးလိုက်ကြလော့။

  16. မိမိအသိုက်ကို စွန့်ပစ်၍ လည်ရသောငှက်ကဲ့သို့၊ မောဘသမီးတို့သည် အာနုန်မြစ်ကူးရာကမ်းနားမှာ ရှိကြလိမ့်မည်။

  17. အကြံပေးလော့။ တရားသဖြင့် စီရင်လော့။ မွန်းတည့်အလင်းထဲ၌ ညဉ့်ကဲ့သို့ သင်၏အရိပ်ကို ဖြစ်စေ လော့။ နှင်ထုတ်သောသူတို့ကို ဝှက်ထားလော့။ ပြေးသော သူတို့ကို မပြနှင့်။

  18. မောဘပြည်မှ နှင်ထုတ်သော သူတို့သည် သင် နှင့်အတူနေကြစေလော့။ ဖျက်ဆီးသောသူ၏ လက်မှ လွတ်စေခြင်းငှါ သူတို့ကိုစောင့်မလော့။ သင်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီးသောသူ ပြတ်လေ၏။ နှိပ်နင်းသော သူတို့ကို မြေပေါ်ကပယ်ရှားလေပြီ။

  19. ရာဇပလ္လင်သည်လည်း၊ ကရုဏာ၌တည်လိမ့် မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသောသူသည် ဖြောင့်မတ်စွာ စစ်ကြော၍၊ တရားမှုကို အလျင်အမြန် ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ်မင်း၏ တဲတော်၌ တရားစီရင်တော်မူလိမ့်မည်။

  20. မောဘ၏ မာနကို ငါတို့သည်ကြားသိကြ၏။ အလွန်ကြီးသော မာနဖြစ်၏။ ထောင်လွှားစော်ကားခြင်း၊ ဒေါသအမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါ ကြွားသော စကားကိုပြောတတ်၏။

  21. ထို့ကြောင့်၊ မောဘသည် မိမိအတွက်ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှတို့သည် ညည်း တွားမြည်တမ်းကြလိမ့်မည်။ ကိရဟရက်မြို့ပျက်သည်အ တွက် သင်တို့သည်ညည်းတွားကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။

  22. ဟေရှဘုန် လယ်ပြင်တို့သည် သွေ့ခြောက်ကြ ၏။ စိဗမာစပျစ်နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသားမင်းတို့သည် ချိုးကြပြီ။ ထိုအညွန့်တို့သည် အထက်က ယာဇာမြို့တိုင်အောင် ရောက်၍၊တော၌လည် တတ်ကြ၏။ အလက်တို့သည် ရှည်လျား၍၊ ပင်လယ် ကိုလွန်ကြ၏။

  23. ထို့ကြောင့်၊ ယာဇာမြို့အတွက်မျက်ရည်ကျသ ကဲ့သို့၊ စိဗမာစပျစ်နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန်မြို့နှင့် ဧလာလေမြို့၊ ငါသည် မျက်ရည်ကျလျက် သင့်ကိုရေလောင်းမည်။ အကြောင်းမူကား၊ သင်၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။

  24. ဝပြောသောလယ်ပြင်ထဲမှာ ဝမ်းမြောက်ရွှင် လန်းခြင်း ပြတ်လေပြီ။ စပျစ်ဥယျာဉ်၌ သီချင်းမဆိုရကြ။ မကြွေးကြော်ရကြ။ စပျစ်သီးနယ်ရာကျင်း၌ စပျစ်သီး ကိုနင်းသောသူလည်း မနင်းရ။ ကြွေးကြော်သော အသံ ကိုလည်းငါ ပြတ်စေပြီ။

  25. ထို့ကြောင့်၊ ငါ့ဝမ်းသည် မောဘပြည်အတွက်၊ ငါ့အအူသည် ကိရဟရက်မြို့အတွက်၊ စောင်းကဲ့သို့ မြည်ရ လိမ့်မည်။