အကြောင်းအရာသို့ ကျော်သွားရန်

Medo-Persian Kingdom အကြောင်း ကျမ်းစာအခန်းငယ်များ

62 အခန်းငယ် · 34 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုအပျိုတော်တို့ ထုံးစံအတိုင်း၊ တနှစ်စေ့သော အခါ တယောက်နောက်တယောက် အလှည့်သင့်သည် အတိုင်း၊ ရှင်ဘုရင်အာရွှေရုထံသို့ ဝင်ရ၏။ ခြောက်လ ပတ်လုံးမုရန်ဆီ၊ ခြောက်လပတ်လုံး နံ့သာမျိုးအစရှိ သော စင်ကြယ်စေသောဆေးမျိုးကိုသုံး၍၊ စင်ကြယ်ခြင်းအမှု သည် ပြီးသည်တိုင်အောင် ထိုမျှကာလကိုလွန်စေရ၏။

  2. ထိုနောက်မှ အပျိုတော်သည် ရှင်ဘုရင်ထံသို့ ဝင်ချိန်ရောက်သောအခါ၊ အလိုရှိသမျှတို့ကို တောင်း၍၊ အပျိုတော်နန်းမှ ရှင်ဘုရင်နန်းတော်သို့ ယူသွားရ၏။

  3. တဖန်ဟာမန်သည် ရှင်ဘုရင် အာရွှေရုထံတော် သို့ဝင်၍၊ အခြားတပါးသော လူမျိုးအပေါင်းတို့နှင့် ကျင့်ရာ ထုံးတမ်းမတူ၊ အရှင်မင်းကြီး စီရင်တော်မူချက်တို့ကို နားမထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သား အမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသော လူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူး တော်မရှိပါ။

  4. ထိုလူမျိုးကိုလည်း သင်သည် ပြုချင်သမျှ ပြုရသော အခွင့်ရှိစေခြင်းငှါ၊ သင်၌ငါအပ်သည်ဟု လက်စွပ်တော်ကိုချွတ်၍ ယုဒအမျိုး၏ ရန်သူဖြစ်သော အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်အားပေးတော်မူ ၏။

  5. ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ရှင်ဘုရင် ခေါ်တော်မမူဘဲ အတွင်းတန်တိုင်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မိသောသူသည် အသက်ချမ်းသာရမည်အကြောင်း၊ ရွှေရာဇလှံတံကို ကမ်းတော်မမူလျှင်၊ အမှန်သေရမည် အကြောင်း အမိန့်တော်ရှိသည်ကို၊ ရှင်ဘုရင်၏ ကျွန်တော် မျိုးများနှင့် နိုင်ငံတော်ပြည်သူပြည်သားများအပေါင်းတို့ သည် သိကြ၏။ အကျွန်ုပ်ကိုကား အရက်သုံးဆယ်ပတ်လုံး၊ ရှင်ဘုရင်ထံတော်သို့ ခေါ်တော်မမူဟု၊

  6. ရှုရှန်မြို့၌ရှိသော ယုဒလူ အပေါင်းတို့ကို စုဝေးစေခြင်းငှါသွားပါ။ နေ့ညဉ့်မပြတ် သုံးရက်ပတ်လုံး မစားမသောက်ဘဲနေ၍၊ အကျွန်ုပ်အဘို့ အစာရှောင်ခြင်းအကျင့်ကို ကျင့်ကြပါ။ အကျွန်ုပ်သည် လည်း ကျွန်မတို့နှင့်တကွ အစာရှောင်ခြင်းအကျင့်ကို ကျင့်ပါမည်။ ထိုနောက် အာဏာတော်ကို ဆန်ရသော် လည်း၊ ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်ဟု မော်ဒကဲအား ပြန်ပြောစေခြင်းငှါ မှာလိုက် သမျှအတိုင်း၊ မော်ဒကဲသည် သွား၍ပြုလေ၏။

  7. မိဖုရား ဧသတာသည် တန်တိုင်းတော်ထဲမှာ ရပ်နေသည်ကို ရှင်ဘုရင်မြင်လျှင်၊ နူးညွတ်သောစိတ်ရှိ၍ လက်တော်၌ပါသော ရွှေရာဇလှံတံကို၊ ဧသတာသို့ ကမ်း တော်မူသဖြင့်၊ ဧသတာသည် ချဉ်းကပ်၍ ရာဇလှံတံ တော်အထွဋ်ကို တို့လေ၏။

  8. မိန်းမစိုးဟာဗောနကလည်း၊ အရှင်မင်းကြီး၏ အကျိုးတော်ကို စောင့်၍ လျှောက်ထားသော မော်ဒကဲ အဘို့ ဟာမန်လုပ်၍ အတောင်ငါးဆယ်မြင့်သော လည်ဆွဲချတိုင်သည်၊ ဟာမန်အိမ်၌ စိုက်ထားလျက် ရှိပါ၏ဟု နားတော်လျှောက်သော်၊ ထိုတိုင်၌ လည်ဆွဲ ချစေဟု ရှင်ဘုရင်မိန့်တော်မူ၏။

  9. ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ပြီး မှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။

  10. မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊

  11. ရေလွှမ်းမိုးသော တောနှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တောင်လေမုန်တိုင်းတိုက်သကဲ့သို့ ကြောက် မက်ဘွယ်သော ပြည်၊ တောကြီးမှလာ၏။

  12. ကြောက်မက်ဘွယ်သော ရူပါရုံကို ငါမြင်ရ၏။ လုယူတတ်သောသူသည် ဖျက်ဆီး၏။ ဧလံပြည်သားတို့၊ တက်သွားကြလော့။ မေဒိပြည်သားတို့၊ မြို့ကိုဝိုင်းထားကြ လော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွားခြင်းရှိသမျှကို ငါငြိမ်းစေ၏။

  13. ကုရုမင်းကိုလည်း၊ သင်သည် ငါ့သိုးထိန်း ဖြစ်၏။ ငါ့အလိုရှိသမျှကို ပြည့်စုံစေလျက်၊ ယေရုရှလင်မြို့ တည်ဆောက်စေ၊ ဗိမာန်တော်တိုက်မြစ်ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို၏။

  14. အကြင်သူ၏ရှေ့မှာ အပြည်ပြည်တို့ကို နှိမ့်ချ၍၊ ရှင်ဘုရင်တို့ကို တန်ဆာချွတ်လျက်၊ အတွင်းတံခါးတို့ကို မပိတ်ရဘဲ၊ နှစ်ရွက်ရှိသော တံခါးတို့ကို ဖွင့်ခြင်းငှါ၊ အကြင်သူ၏ လက်ျာလက်ကို ငါထောက်မ၏။ ထိုသူ တည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသောမင်းအား မိန့်တော်မူသည်ကား၊

  15. သင့်ရှေ့မှာ ငါသွား၍ မြင့်သောအရပ်ကို ညီစေ မည်။ ကြေးဝါတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်မည်။

  16. မှောင်မိုက်၌ရှိသော ဘဏ္ဍာ၊ လုံခြုံစွာ ဝှက်ထား သော ဥစ္စာတို့ကို သင့်အား ငါပေးမည်။ သို့ဖြစ်၍၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်သော ဣသရေလအမျိုး၏ ဘုရားသခင်၊ ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရလိမ့်မည်။

  17. ငါ့ကျွန်ယာကုပ်၊ ငါရွေးကောက်သောသူ ဣသ ရေလအတွက် ၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။သင်သည် ငါ့ကို မသိသော်လည်း၊ သင်၌ နာမည်သစ်ကို ထပ်၍ပေး၏။

  18. ပေရသိလူ၊ လုဒလူ၊ ဖုတလူတို့သည် သင်၏ တပ်သား၊ စစ်သူရဲ လုပ်ကြ၏။ ဒိုင်း၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင်၍၊ သင်၏ဂုဏ်အသရေကို ထင်ရှား စေကြ၏။

  19. အသီးအသီး ဒိုင်လွှားကိုင်၍ သံခမောက်လုံးကို ဆောင်းသောပေရသိပြည်သား၊ ကုရှပြည်သား၊ ဖုတပြည်သား၊

  20. သူ၏ ဦးခေါင်းသည် ရွှေစင်ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေဖြစ်၏။

  21. ကိုယ်တော်နောက်၌ ကိုယ်တော်၏ နိုင်ငံ လောက်မမြတ်သော နိုင်ငံတခုသည် တည်ထောင်လိမ့် မည်။ ထိုနောက်၊ မြေကြီးတပြင်လုံးကို အုပ်စိုးသော ကြေးဝါနိုင်ငံတည်းဟူသော တတိယနိုင်ငံတည်ထောင် လိမ့်မည်။

  22. မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော်မှ ကျ၏။

  23. ဖေရက်၏ အနက်ဓိပ္ပါယ်ကား၊ နိုင်ငံတော်ကို ခွဲဝေ၍ မေဒိလူ၊ ပေရသိလူတို့အား အပ်ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။

  24. မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ် နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။

  25. ဒါရိမင်းကြီးသည် နိုင်ငံတော် အမှုအရေး အလုံးစုံတို့ကို စီရင်ရသော မြို့ဝန်တရာနှစ်ဆယ်တို့ကို၎င်း၊