Greece
အခြားအမည်: Grecia
37.9800, 23.7300 Google Maps တွင် ကြည့်ရန်
Greece ကို ဖော်ပြသော အခန်းငယ်များ
အမွေးကြမ်းသော ဆိတ်သည် ဟေလသ ရှင်ဘုရင် ဖြစ်၏။ မျက်စိနှစ်လုံးကြား၌ရှိသော ချိုကြီးသည် ပဌမမင်းဖြစ်၏။
ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီး သည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည်။
ယခုမူကား၊ မှန်သောအရာကိုငါပြမည်။ ပေရသိ နိုင်ငံကို အစိုးရသော ရှင်ဘုရင် သုံးပါးပေါ် လေဦးမည်။ စတုတ္ထရှင်ဘုရားမူကား၊ ထိုသူ ရှိသမျှတို့ထက် ငွေရတတ်လိမ့်မည်။ ထိုသို့ရတတ်၍ အားကြီးသောကြောင့်၊ ဟေလသနိုင်ငံကို ရန်ဘက်ပြုစေ ခြင်းငှါ၊ ခပ်သိမ်းသော သူတို့ကို နှိုးဆော်လိမ့်မည်။
ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင် လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက်၌ နှိုး ဆော်၍၊ သင့်ကို သူရဲ၏ထားကဲ့သို့ ဖြစ်စေမည်။
ထိုအရပ်များကိုရှောင်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။