Skip to content

Malice အကြောင်း ကျမ်းစာအခန်းငယ်များ

135 အခန်းငယ် · 29 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။

  2. ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။

  3. ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊

  4. မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊

  5. မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။

  6. သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။

  7. ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။

  8. အကြောင်းမူကား၊ ကြောက်မက်ဘွယ်သောသူ သည် ဆုံးရှုံးရ၏။ ဆဲရေးသောသူသည် ပျောက်ကုန်ရ၏။ သူ့အပြစ်ကို ချောင်းမြောင်းသောသူ၊

  9. တရားတွေ့၍ ဆင်းရဲသောတို့ အပြစ်ရောက်စေ သောသူ၊ မြို့တံခါးဝမှာ အမှုသည်ကို ကျော့မိစေခြင်းငှါ ပြုသောသူ၊ အပြစ်မရှိသောသူကို မတရားသဖြင့် ရှုံးစေ သောသူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းရ၏။

  10. တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ် သူမျှမစောင့်၊ အနတ္တကို ကိုးစား၍ မုသာစကားကို ပြော တတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဘွားကြ၏။

  11. သူတို့သည် မြွေဆိုး၏ အဥတို့ကို ဝပ်၍ ပေါက် စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ ဥများ ကို စားသော သူသည် သေတတ်၏။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ်၏။

  12. သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ။ သူတို့ပြုသော အမှု သည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသော အမှုရှိ၏။

  13. သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ၏။

  14. မြေခွေးမတို့ပင် မိမိတို့သားငယ်တို့အား နို့သီးကို ပေး၍နို့တိုက်တတ်၏။ ငါ၏လူမျိုးသတို့သမီးမူကား၊ တော၌နေသော ကုလားအုပ်ငှက်ကဲ့သို့ ကြမ်းကြုတ်သော သဘောရှိ၏။

  15. နို့စို့ကလေးသည် နို့ငတ်သောကြောင့်၊ လျှာသည် အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကို တောင်း၍ အဘယ်သူမျှမပေး။

  16. သင်သည် ဣသရေလပြည်ကို မနာလိုသော စိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်း ကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊

  17. ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဘို့ရာ အပ်မည်။ လူနေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။

  18. အချင်းလူသား၊ တုရုမြို့က၊ အေ့ဟေ၊ တိုင်းနိုင်ငံ တို့၏ တံခါးဖြစ်သော ယေရုရှလင်မြို့သည် ပျက်စီးသည် ဖြစ်၍၊ ငါ့လက်သို့ ရောက်လိမ့်မည်။ ထိုမြို့ဆိတ်ညံသော ကြောင့် ငါစည်ပင်လိမ့်မည်ဟု ယေရုရှလင်မြို့တဘက်၌ ဆိုမိသောကြောင့်၊

  19. အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုတုရုမြို့၊ သင့်တဘက်၌ ငါနေ၏။ သမုဒ္ဒရာလှိုင်းတပိုး တက်သကဲ့သို့၊ လူအမျိုးမျိုးတို့သည် သင်ကိုတက်၍ တိုက်စေမည်။

  20. ထိုအခါ ဝန်ကြီးနှင့်မြို့ဝန်တို့သည် ဒံယေလ၌ အပြစ်တင်ခွင့်ကို ရှာ၍၊ နိုင်ငံတော်အမှုအရေးများကို စစ်ကြောကြ၏။ ဒံယေလသည် သစ္စာနှင့် ပြည့်စုံ၍ အပြစ်တစုံတခုမျှမရှိသောကြောင့်၊ အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြသည်ရှိသော်၊

  21. ဘုရားသခင်၏ ဘာသာမှုမှတပါးအခြားသော အမှုတွင် ဒံယေလ၌ အပြစ်တင်ခွင့်ကိုငါတို့ မတွေ့နိုင် ကြဟု တိုင်ပင်ပြောဆိုပြီးမှ၊

  22. အထံတော်သို့ လာရောက်စည်းဝေးကြ၍၊ အရှင် မင်းကြီးဒါရိ၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။

  23. ကိုယ်တော်မြတ်မှတပါး အခြားသော လူကို ဖြစ်စေ၊ ဘုရားကို ဖြစ်စေ၊ အရက်သုံးဆယ်အတွင်းတွင် ဆုတောင်းသောသူမည်သည်ကို ခြင်္သေ့လှောင်သော တွင်း ထဲသို့ ချပစ်ရမည်ဟုမဖေါက်ပြန်နိုင်သော အမိန့်တော် မြတ်ကို ထုတ်စေခြင်းငှါ နိုင်ငံတော်ဝန်ကြီး၊ မြို့ဝန်၊ စော်ဘွား၊ တိုင်ပင်မှူးမတ်၊ စစ်ကဲအပေါင်းတို့သည် အညီအညွတ် တိုင်ပင်ကြပါပြီ။

  24. သို့ဖြစ်၍၊ အရှင်မင်းကြီး၊ အမိန့်ရှိတော်မူပါ။ မပြောင်းလဲတတ်သော မေဒိ၊ ပေရသိဓမ္မသတ်အတိုင်း အမိန့်တော်တည်စေခြင်းငှါ၊ တံဆိပ်ခတ်တော်မူပါဟု လျှောက်ထားကြလျှင်၊

  25. ဒါရိမင်းကြီးသည် အမိန့်တော်ကိုပေး၍ တံဆိပ် ခတ်တော်မူ၏။