Malice အကြောင်း ကျမ်းစာအခန်းငယ်များ: Saints avoid
Saints avoid အကြောင်း အခန်းငယ်များ
ငါပြုသောကျေးဇူးအတွက် သူတို့သည် ငါ့ အသက်ကိုလူယူခြင်းတည်းဟူသော မကောင်းသောအရာ ကို ဆပ်ပေးကြ၏။
ငါမူကား၊ သူတို့၌ အနာရောဂါစွဲသောအခါ၊ လျှော်တေအဝတ်ကိုဝတ်ဆင်လျက် အစာကိုရှောင်၍ ခြိုးခြံစွာ ကျင့်လေ၏။ ကိုယ်ရင်ခွင်ကို မျက်နှာပြုလျက် ဆုတောင်း လေ၏။
သူတို့ကို ငါ၏မိတ်ဆွေ၊ ငါ၏ညီအစ်ကိုကဲ့သို့ သဘောထား၍ ငါပြု၏။ ကိုယ်အမိကိုအောက်မေ့၍၊ စိတ်မသာညည်းတွားသောသူကဲ့သို့ ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တမှိုင်မှိုင်နေလေ၏။