Skip to content

Levites အကြောင်း ကျမ်းစာအခန်းငယ်များ

186 အခန်းငယ် · 17 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လေဝိသားစာရင်းဟူမူကား၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေး ယောက်၊

  2. သီချင်းသည် အာသပ်အမျိုးသား တရာနှစ်ဆယ် ရှစ်ယောက်၊

  3. တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသား အပေါင်း တရာသုံးဆယ်ကိုးယောက်တည်း။

  4. ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖ အမျိုးသား၊ တဗ္ဗောက်အမျိုးသား၊

  5. ကေရုတ်အမျိုးသား၊ သာယာဟအမျိုးသား၊ ပါဒုန်အမျိုးသား၊

  6. လေဗနအမျိုးသား၊ ဟာဂဘအမျိုးသား၊ အက္ကုပ် အမျိုးသား၊

  7. ဟာဂပ်အမျိုးသား၊ ရှာလမဲအမျိုးသား၊ ဟာနန် အမျိုးသား၊

  8. ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊ ရာယ အမျိုးသား၊

  9. ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊ ဂဇ္ဇမ်အမျိုးသား၊

  10. ဩဇအမျိုးသား၊ ပါသာအမျိုးသား၊ ဗေသဲ အမျိုးသား၊

  11. အာသနာအမျိုးသား၊ မဟုနိမ်အမျိုးသား၊ နဖုသိမ်အမျိုးသား၊

  12. ဗာကဗုတ်အမျိုးသား၊ ဟကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊

  13. ဗာဇလုပ်အမျိုးသား၊ မဟိဒအမျိုးသား၊ ဟရရှအမျိုးသား၊

  14. ဗာကုတ်အမျိုးသား၊ သိသရအမျိုးသား၊ သာမ အမျိုးသား၊

  15. နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။

  16. ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရုဒအမျိုးသား၊

  17. ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလ အမျိုးသား၊

  18. ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမိအမျိုးသား တည်း။

  19. ဘုရားကျွန်နှင့် ရှောလမုန် ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။

  20. ထိုမှတပါး၊ ဣသရေလအမျိုး မှန်သည်မမှန်သည်ကို၎င်း၊ မိမိတို့ အဆွေအမျိုးကို၎င်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာသမြို့၊ ခေရုပ် မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား၊

  21. ဒေလာယ အမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ် နှစ်ယောက်တည်း။

  22. ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သားဗာဇိလဲသမီး တယောက်နှင့် စုံဘက်၍၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊

  23. စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ် အရာကိုမခံရကြ။

  24. ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီတိုင်အောင် သူတို့သည်အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။

  25. လူကြီးဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊