Skip to content

Levites အကြောင်း ကျမ်းစာအခန်းငယ်များ

186 အခန်းငယ် · 17 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဘုရားကျွန်နှင့် ရှောလမုန်၏ ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။

  2. ထိုမှတပါး၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို၎င်း၊ မိမိတို့အဆွေအမျိုးကို၎င်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား၊

  3. ဒေလာယအမျိုးသား၊ ပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း။

  4. ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယ အမျိုး သား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲ သမီးတယောက်နှင့် စုံဘက်၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည်၊

  5. စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာ ကို မခံရကြ။

  6. ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။

  7. ပရိသတ်ပေါင်းကား၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။

  8. ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက်၊

  9. မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လား ပေါင်းနှစ်ရာ လေးဆယ်ငါးစီး၊

  10. ကုလားအုပ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်း ပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။

  11. အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏။

  12. အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း။

  13. ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။

  14. ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့ နေရာ မြို့ရွာတို့၌ နေရာကျကြ၏။

  15. လေဝိသားအာဇနိသား ယောရှုတပါး၊ ဟေနဒဒ် သား ဗိနွိတပါး၊ ကပ်မျေလတပါး၊

  16. သူတို့ညီရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာ ယ၊ ဟာနန်၊

  17. မိက္ခာ၊ ရေဟုပ်၊ ဟာရှဘိ၊-

  18. ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊

  19. ဟောဒိယ၊ ဗာနိ၊ ဗေနိနု၊-

  20. လူတို့တွင် အကြီး အကဲဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇဿု၊ ဗာနိ၊

  21. ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊

  22. အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊

  23. အာတာ၊ ဟိဇကိယ၊ အဇ္ဇုရ၊

  24. ဟောဒိယ၊ ဟရှုံ၊ ဗေဇဲ၊

  25. ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊