အကြောင်းအရာသို့ ကျော်သွားရန်

Levites အကြောင်း ကျမ်းစာအခန်းငယ်များ: Enrollment of, at Sinai

40 အခန်းငယ် · 17 ရှုထောင့်

Enrollment of, at Sinai အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လေဝိသားတို့သည်၊ ဘိုးဘအမျိုးအလိုက် စာရင်း မဝင်ရသည် အမှုမှာ၊

  2. ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား

  3. လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့နှင့် ရောနှော၍ မရေတွက်ရ။ စာရင်းထဲ၌ မသွင်းရ။

  4. တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအား မိန့်တော်မူသည်ကား၊

  5. လေဝိသားတို့တွင် အသက်တလကျော်ရှိသော ယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက် လော့ဟု၊

  6. မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို ရေတွက်လေ၏။

  7. လေဝိသားတို့၏ နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။

  8. မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏ အမည်ကား လိဗနိနှင့်ရှိမိတည်း။

  9. မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏ နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။

  10. မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏ နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိ ဘိုးဘေးအမျိုးအလိုက် ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ဖြစ်ကြ၏။

  11. ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေ အမျိုး ရှိမိအဆွေ အမျိုးတို့သည် ဂေရရှုန် အမျိုးအနွယ် ဖြစ်ကြ၏၊

  12. ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက် တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင် ငါးရာ ရှိသတည်း။

  13. ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အ နောက်မျက်နှာ၌ နေရာချရမည်။

  14. ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသား ဧလျာသပ်တည်း။

  15. ဂေရရှုန်သားတို့ အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာ တဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ ကာသော ကုလားကာ၊

  16. တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်း ကုလား ကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများ အစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။

  17. ကောဟတ်မှဆင်းသက်သော အာမရံအဆွေ အမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလ အဆွေအမျိုး တို့သည်၊ ကောဟတ်အမျိုး အနွှယ် ဖြစ်ကြ၏။

  18. တဲတော်ကို စောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်း ကား၊ ရှစ်သောင်းခြောက်ရာ ရှိသတည်း။

  19. ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော် တောင်မျက်နှာ၌ နေရာချရမည်။

  20. ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလ သား ဧလိဇာဖန်တည်း။

  21. သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲ ယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာ တဲတော်တန်ဆာ များ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြ မည်။

  22. ယဇ်ပုရောဟိတ်အာရုန်သား ဧလာဇာသည် လေဝိအဆွေအမျိုး သူကြီးတို့ကို အုပ်၍ တဲတော်စောင့် သော သူတို့ကို ကြည့်ရှုစီရင်ရမည်။

  23. မေရာရိမှ ဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိ အမျိုးအနွယ် ဖြစ်ကြ၏။

  24. ထိုအဆွေအမျိုးတို့ကို ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင် ခုနစ်ရာ ရှိသတည်း။

  25. မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသား ဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက် မျက်နှာ၌ နေရာချရမည်။