အကြောင်းအရာသို့ ကျော်သွားရန်

Kings အကြောင်း ကျမ်းစာအခန်းငယ်များ

580 အခန်းငယ် · 175 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊

  2. စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။

  3. အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေ ကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်း စေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။

  4. ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။

  5. အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန် သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကိုဘမ်းဆီး သိမ်း သွားကြပြီ။

  6. ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေ မက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။

  7. ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒ ပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား၏။

  8. အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော် လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။

  9. အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။

  10. အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။

  11. ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း။

  12. တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ် ပလ္လင်တို့ကို တည်၏။

  13. အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်း ကို မီးရှို့စရာဘို့။ ယုဒမြို့အသီးသီးတို့၌ မြင့်သောအရပ် တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရား၏ အမျက်တော်ကို နှိုးဆော်လေ၏။

  14. အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေ မျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။

  15. အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသ ရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော် ဟေဗကိသည် ခမည်းတော်အရ၌ နန်းထိုင်၏။

  16. မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ် စိုးစံလေ၏။

  17. ထိုမင်းသည် ဣသရေလအမျိုးသား ရှေ့မှာ၊ ထာဝရဘုရားနှင် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၏။

  18. ခမည်းတော်ဟေဇကိဖျက်ဆီးသော ကုန်းတို့ကို ပြုပြင်၍၊ ဗာလဘုရားတို့အဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်တို့ကိုလည်း ပြုစု၏။ မိုဃ်းကောင်းကင်တန်ဆာ များကိုလည်း ဝတ်ပြုကိုးကွယ်၏။

  19. ယေရုရှလင်မြို့၌ ငါ့နာမကိုအစဉ် ငါတည်စေ မည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ်ပလ္လင်တည်းဟူသော၊

  20. ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင်၊ မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။

  21. မိမိသားတို့ကို ဟိန္နုံသားချိုင့်၌ မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသောအတတ်၊ နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်၍၊ စုန်းနှင့်နတ်ဝင် တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌များစွာသော ဒုစရိုက်ကို ပြု၏။

  22. ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ်နှင့်သားတော် ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည်ဆောင်သောဗိမာန်တော်ထဲမှာ၊ မိမိပြုစုသော ရုပ်တု နှင့် တူအောင်လုပ်သော ရုပ်တုတခုကိုတင်ထား၏။

  23. ငါမှာထားသမျှအတိုင်း၊ မောရှအားဖြင့် စီရင် ထုံးဖွဲ့သမျှသော တရာအတိုင်း၊ ဣသရေလအမျိုးသားတို့ သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ ဘိုးဘေးတို့ အား ငါပေးသောပြည်မှ၊ သူတို့ကို နောက်တဖန် ငါမရွေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊

  24. မနာရှေသည် ယုဒပြည်သူ ယေရုရှလင်မြို့သား တို့ကို လမ်းလွဲစေ၏။ ဣသရေလအမျိုးသားတို့ရှေ့မှ၊ ထာဝရဘုရားဖျက်ဆီးတော်မူသော လူမျိုးတို့ပြုသည် ထက်၊ သာ၍ဆိုးသောအမှုကိုပြုစေ၏။

  25. ထာဝရဘုရားသည် မနာရှေနှင့်သူ၏ လူတို့အား မိန့်တော်မူသော် လည်း၊ သူတို့သည် နားမထောင်ဘဲ နေသောကြောင့်၊