အကြောင်းအရာသို့ ကျော်သွားရန်

Idolatry အကြောင်း ကျမ်းစာအခန်းငယ်များ

447 အခန်းငယ် · 205 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ် တော်ရှိသမျှတို့ကို စွန့်၍ နွားသငယ်တည်းဟူသော သွန်းသောရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာများကို ကိုးကွယ်၍ ဗာလဘုရားကို လည်းဝတ်ပြုကြ၏။

  2. သားသမီးတို့ကို မီးဖြင့်ပူဇော်ကြ၏။ နတ်ဝိဇ္ဇာ အတတ်ပြုစားသော အတတ်ကို သုံးဆောင်၍ ထာဝရ ဘုရား၏ အမျက်တော်ကိုနှိုးဆော်ခြင်းငှါ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမည်ဟု ကိုယ်ကိုရောင်းကြ၏။

  3. ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုးမှတပါး အခြားသော အမျိုးမကျန်ကြွင်းရ။

  4. ယုဒအမျိုးမူကား၊ မိမိတို့ဘုရားသခင် ထာဝရ ဘုရား၏ပညတ်တရားတော်ကိုမစောင့်၊ ဣသရေလအမျိုးလိုက် သော ထုံးစံဓလေ့သို့ လိုက်ကြ၏။

  5. ထာဝရဘုရားသည်လည်း၊ ဣသရေလအမျိုး ရှိသမျှကို ရွံရှာ၍ မျက်မှောက်တော်မှ မနှင်ထုတ်မှီ တိုင်အောင် ဒဏ်ခတ်တော်မူ၏။ လုယက်သော သူတို့ လက်၌အပ်တော်မူ၏။

  6. ဣသရေလအမျိုးကို ဒါဝိဒ်မင်းမျိုးမှ ဆုတ်ဖဲ့၍၊ သူတို့သည် နေဗတ်၏ သားယေရောဗောင်ကို ရှင်ဘုရင် အရာ၌ခန့်ထားကြ၏။ ယေရောဗောင်သည်လည်း ထာဝရဘုရားနောက်တော်သို့ လိုက်ရာလမ်းမှ ဣသ ရေလအမျိုးကို လွှဲစေ၍ ဒုစရိုက်ကြီးကို ပြုစေ၏။

  7. သို့ဖြစ်၍ ယေရောဗောင်ပြုသော ဒုစရိုက်လမ်း သို့ ဣသရေလအမျိုးသားတို့သည် အစဉ်တစိုက် လိုက်ကြ၏။

  8. ထာဝရဘုရားသည် မိမိကျွန်ပရောဖက် အပေါင်းတို့ဖြင့် မိန့်တော်မူသည်အတိုင်း၊ ဣသရေလ အမျိုးကို မျက်မှောက်တော်မှ ပယ်ရှားတော်မမူမှီ တိုင်အောင် သူတို့သည် ထိုဒုစရိုက်အပြစ်ကို မရှောင် ဘဲလိုက်ကြ၏။ ထိုကြောင့်နေရင်းပြည်မှ အာရှုရိပြည်သို့ သိမ်းသွားခြင်းကို ယနေ့တိုင်အောင် ခံရကြ၏။

  9. ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ် ပလ္လင်တည်းဟူသော၊

  10. ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။

  11. မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာ သော ဒုစရိုက်ကိုပြု၏။

  12. ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည် ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။

  13. ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့ လိုက်၍၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။

  14. ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။

  15. မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။

  16. အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။

  17. ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း။

  18. ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံကနားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။

  19. တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။

  20. တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှား ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။

  21. နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော် ၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။

  22. သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာ တော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ။ စွန့်ပစ်တော်မမူ။

  23. သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင် အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။

  24. ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု၌တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ။

  25. အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက် များတို့ကို နားမထောင်ကြ။