အကြောင်းအရာသို့ ကျော်သွားရန်

Idolatry အကြောင်း ကျမ်းစာအခန်းငယ်များ

447 အခန်းငယ် · 205 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ထိုရုပ်တုတို့သည် နှုတ်ရှိ၍ စကားမပြောတတ်။ မျက်စိရှိ၍ မမြင်တတ်။

  2. နားရှိ၍ မကြားတတ်။ သူတို့ပစပ်၌လည်း ထွက်သက်ဝင်သက် မရှိပါတကား။

  3. လုပ်သော သူတို့လည်း အတူတူ၊ ကိုးစားသော သူအပေါင်းတို့လည်း အတူတူပါတကား။

  4. သင်တို့သည် တပ်မက်ဘူးသော သပိတ်ပင်တို့ ကြောင့် ရှက်ကြလိမ့်မည်။ သင်တို့သည် ရွေးယူဘူးသော ဥယျာဉ်တို့ကြောင့် မျက်နှာပျက်ကြလိမ့်မည်။

  5. အကြောင်းမူကား၊ အရွက်နွမ်းသော သပိတ်ပင် ကဲ့သို့၎င်း၊ ရေမရှိသောဥယျာဉ်ကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။

  6. ခွန်အားကြီးသောသူသည် ပိုက်ဆန်လျှော်ဖြစ် လျက်၊ သူ၏အမှုသည် မီးပွားဖြစ်လျက်၊ ထိုနှစ်ပါးသည် အတူလောင်းကြလိမ့်မည်။ ထိုမီးကိုအဘယ်သူမျှ မသတ်ရ။

  7. အကယ်စင်စစ် ကိုယ်တော်သည် ယာကုပ်အမျိုး သားတည်းဟူသော ကိုယ်တော်၏လူတို့ကို စွန့်ပစ်တော် မူပြီ။ အကြောင်းမူကား၊ သူတို့သည် အရှေ့ပြည်အတတ် နှင့် ကြွယ်ဝ၍၊ ဖိလိတ္တိလူတို့ကဲ့သို့ အနာဂတ္တိဆရာ ဖြစ်ကြ၏။ တပါးအမျိုးသားနှင့် အပေါင်းအဘော် ပြုကြ၏။

  8. သူတို့ပြည်သည် ရွှေငွေနှင့်ကြွယ်ဝ၍၊ ဥစ္စာ ပစ္စည်း အတိုင်းမသိများ၏။ သူတို့ပြည်သည် မြင်းနှင့် ကြွယ်ဝ၍၊ မြင်းရထား အတိုင်းမသိများ၏။

  9. သူတို့ပြည်သည် ရုပ်တုဆင်းတုနှင့်ကြွယ်ဝ၍၊ မိမိလက်နှင့်လုပ်သောအရာ၊ မိမိလက်ချောင်းတို့နှင့် ဖန်ဆင်းသောအရာကိုပင် သူတို့သည် ဦးချကြသည် တကား။

  10. ထိုကြောင့်၊ ယုတ်သောသူလည်း ဦးနှိမ့်ခြင်း၊ မြတ်သောသူလည်း ရှုတ်ချခြင်းကို ခံရလိမ့်မည်။ သူတို့ အပြစ်ကိုလည်း ကိုယ်တော်သည် လွှတ်တော်မမူရာ။

  11. ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသော ထိုအခါ၊ ဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့်၊ ကျောက်ထဲသို့ ဝင်လော့။ မြေမှုန့်၌ ပုန်း၍နေလော့။

  12. ထိုကာလ၌ လူတို့၏မော်သော မျက်နှာကို နှိမ့်ရ မည်။ လူတို့၏မာနကိုလည်း ရှုတ်ချရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက်ခြင်းသို့ ရောက်တော်မူလိမ့် မည်။

  13. ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နေ့ရက် ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သောအရာ ရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်းရှိကြ လိမ့်မည်။

  14. ကြီးမြင့်သော လေဗနုန်အာရဇ်ပင် ရှိသမျှကို၎င်း၊

  15. မြင့်သောတောင်ရှိသမျှကို၎င်း၊ မိုမောက်သော တောင်ပို့ရှိသမျှကို၎င်း၊

  16. မြင့်သော ရဲတိုက်ရှိသမျှကို၎င်း၊ ခိုင်ခံ့သော မြို့ရိုးရှိသမျှကို၎င်း၊

  17. တာရှုသင်္ဘောအပေါင်းတို့ကို၎င်း၊ နှစ်သက် ဘွယ်သော ရူပါရုံ အလုံးစုံတို့ကို၎င်း ဆီးတားလိမ့်မည်။

  18. ထိုကာလ၌ လူတို့၏မာနကို ရှုတ်ချ၍၊ လူတို့၏ စိတ်မြင့်သော သဘောကိုနှိမ့်ရမည်။ ထာဝရဘုရား တပါးတည်းသာ ချီးမြှောက်ခြင်းသို့ ရောက်တော်မူ လိမ့်မည်။

  19. ရုပ်တု ဆင်းတုတို့သည် ရှင်းရှင်းကွယ်ပျောက်ကြလိမ့် မည်။

  20. ထာဝရဘုရားသည် မြေကြီးကိုချောက် လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကိုကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် လူတို့သည် ကျောက်တွင်း၊ မြေတွင်းထဲသို့ ဝင်ကြလိမ့်မည်။

  21. ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဘို့ မိမိတို့ လုပ်ဘူးသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့ များ၌ ပစ်ထားကြလိမ့်မည်။

  22. ထာဝရဘုရားသည် မြေကြီးကို ချောက်လှန့်အံ့ သောငှါ ထတော်မူသောအခါ၊ ထိုဘုရားကို ကြောက်ခြင်း အရှိန်၊ ဘုန်းတန်ခိုးအာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်း၊ ချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။

  23. နှာခေါင်းနှင့်အသက်ရှူတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ ထိုသို့သော သူကိုအဘယ်သို့ ပမာဏ ပြုစရာရှိသနည်း။

  24. ထိုကာလ၌ လူသည်မိမိကို ဖန်ဆင်းတော်မူ သော အရှင်ကို ရည်မှတ်၍၊ ဣသရေလအမျိုး၌ သန့်ရှင်း တော်မူသော ဘုရားကို ဖူးမျှော်ရလိမ့်မည်။

  25. မိမိလက်နှင့် လုပ်သော ယဇ်ပလ္လင်တို့ကို မမှတ်ရ။ မိမိလက်ချောင်းနှင့် လုပ်သောအ ရာတည်းဟူ သော အာရှရပင်တို့ကို၎င်း၊ ရုပ်ထုတို့ကို၎င်း ပမာဏ မပြုရ။