အကြောင်းအရာသို့ ကျော်သွားရန်

Idolatry အကြောင်း ကျမ်းစာအခန်းငယ်များ

447 အခန်းငယ် · 205 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. သင်သည် သိတင်းကြား၍ စေ့စေ့မေးမြန်းသော အခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုကို ပြုမိသည်မှန်လျှင်၊

  2. ထိုဒုစရိုက်ကို ပြုမိသော ယောက်ျား မိန်းမကို မြို့တံခါးဝသို့ ထုတ်ပြီးလျှင်၊ ကျောက်ခဲနှင့်ပစ်၍ အသေ သတ်ရမည်။

  3. သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။

  4. သူတို့ပူဇော်သော ဆီဥကို စား၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည် ထ၍ သင်တို့ကို ကွယ် ကာ စောင့်မပါလေစေ။

  5. ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ၏။

  6. အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍၊ ပတ်ဝန်းကျင်၌ရှိသော လူမျိုးတို့၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ၏။

  7. ထာဝရဘုရားကို စွန့်၍ ဗာလဘုရား၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့်၊

  8. ဖိလိတ္တိလူတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို ယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့ ဆောင်သွား ကြ၏။

  9. ဘုရားသခင်၏ သေတ္တာတော်ကို ဒါဂုန်ကျောင်းထဲသို့ သွင်း၍ ဒါဂုန်အနားမှာ ထားကြ၏။

  10. အာဇုတ်မြို့သားတို့သည် နံနက်စောစော ထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာ တော်ရှေ့၌ မြေပေါ်မှာလဲ၍ ပြပ်ဝပ်လျက်ရှိသည်ကို တွေသဖြင့်၊ သူ့ကိုယူ၍ သူ၏နေရာ၌ တင်ထား ပြန်ကြ၏။

  11. တဖန် နက်ဖြန်နံနက် စောစောထကြသောအခါ၊ ဒါဂုန်သည် ထာဝရဘုရား၏ သေတ္တာတော်ရှေ့၌ မြေပေါ်မှာ လဲ၍ ပြပ်ဝပ်လျက်၊ ခေါင်းနှင့် လက်ဝါးနှစ်ဘက် ပြတ်၍ တံခါးခုံပေါ်မှာတင်လျက်၊ ဒါဂုန်၌ ကိုယ်တိတိရှိသည်ကို တွေ့ကြ၏။

  12. ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊

  13. ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။

  14. ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။

  15. မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။

  16. ဟောရှေနန်းစံကိုးနှစ်တွင်၊ အာရှုရိရှင်ဘုရင် သည် ရှမာရိမြို့ကို ရပြီးလျှင်၊ ဣသရေလအမျိုးကို အာရှုရိပြည်သို့သိမ်းသွား၍ ဂေါဇန်မြစ်နား၊ ဟာလမြို့၊ ဟာဗော်မြို့အစရှိသော မေဒိနိုင်ငံ မြို့ရွာတို့၌ထား၏။

  17. အကြောင်းမူကား၊ အဲဂုတ္တုပြည်နှင့် အဲဂုတ္တုဖာ ရောဘုရင် လက်ထဲက ကယ်နှုတ်တော်မူသော မိမိတို့ ဘုရားသခင် ထာဝရဘုရားကို ဣသရေလအမျိုးသားတို့ သည် ပြစ်မှား၍ အခြားတပါးသော ဘုရားတို့ကို ရိုသေ ကြ၏။

  18. သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားတို့ ထုံးစံနှင့် မိမိတို့ချီးမြှောက်သော ရှင်ဘုရင်တို့ ထုံးစံသို့လိုက်ကြ၏။

  19. မိမိတို့ ဘုရားသခင်ထာဝရဘုရားတဘက်၌ မတရားသောအမှုကို မထင်မရှားပြုကြ၏။ ကင်းစောင့် သော မျှော်စင်ဖြစ်စေ၊ ခိုင်ခံ့သောမြို့ဖြစ်စေ၊ မြို့ရွာ အလုံးစုံတို့၌ မြင့်သောအရပ်ကို တည်ကြ၏။

  20. ရုပ်တုဆင်းတုနှင့်အာရှရပင်တို့ကို မြင့်သော ကုန်းရှိသမျှတို့ အပေါ်မှာ၎င်း၊၊ စိမ်းသောသစ်ပင်ရှိသမျှအောက်မှား၎င်း၊တည်ထောင်ပြုစုကြ၏။

  21. သူတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော တပါးအမျိုးသားပြုသကဲ့သို့ မြင့်သောအရပ်ရှိသမျှအပေါ် မှာ နံ့သာပေါင်းကိုမီးရှို့၍ ထာဝရဘုရား၏ အမျက်တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မအမှုတို့ကို ပြုကြ၏။

  22. ထာဝရဘုရား ပညတ်တော်မူသောအမှု၊ ရုပ်တု ဆင်းတုတို့၌ ပူဇော်ခြင်းအမှုကို ပြုကြ၏။

  23. သို့ရာတွင်ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသော တရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့် ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟော ဆရာများတို့ ဖြင့်ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေ ခံတော်မူသော်လည်း၊

  24. သူတို့သည်နားမထောင်။ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မယုံကြည်သော ဘိုးဘေးတို့ လည်ပင်း ကဲ့သို့ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။

  25. စီရင်တော်မူချက်၊ ဘိုးဘေးတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်၊ သူတို့၌ သက်သေခံတော်မူသော သက်သေတို့ကို ပယ်၍အနတ္တတရားကို ကျင့်လျက် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကြင်တပါးအမျိုးသား ကျင့်သကဲ့သို့ မကျင့်ကြနှင့်ဟု ထာဝရဘုရား ပညတ်တော် မူ၏၊ ပတ်လည်၌နေသော ထိုအမျိုးသားနောက်သို့ လိုက်ကြ၏။