အကြောင်းအရာသို့ ကျော်သွားရန်

Company အကြောင်း ကျမ်းစာအခန်းငယ်များ

66 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. တဖန် ငါဆိုသည်ကား၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ်။ သူတို့သည် သင်တို့ တဘက်၌ မုဆိုးလုပ်လျက်၊ သူတို့ဘုရားတို့သည်လည်း သင်တို့၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။

  2. အဓမ္မလူအပေါင်းတို့မူကားလက်နှင့် မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ဖြစ်ရကြလိမ့်မည်။

  3. ပယ်ရှားရသော သူသည်သံချပ်အင်္ကျီနှင့် လှံတံကို သုံးဆောင်သဖြင့်၊ ဆူးပင်ပေါက်သောအရပ်၌ပင် ရှင်းရှင်းမီးရှို့ရသတည်း။

  4. လျှပ်ပေါ်သော လူတို့နှင့်အတူ မထိုင်ပါ။ လျှို့ဝှက်သော လူစုထဲတို့ မဝင်ပါ။

  5. မတရားသောသူတို့၏ စည်းဝေးခြင်းကို မုန်းပါ ၏။ ဆိုးသွမ်းသော သူတို့နှင့်အတူ မထိုင်ပါ။

  6. ထာဝရဘုရားမိန့်တော်မူသည် အတိုင်းမပြု၊ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။

  7. သူတို့နှင့်ရောနှော၍ သူတို့၏ ဘာသာဓလေ့ကို သင်ကြ၏။

  8. ငါသည် မေရှက်ပြည်၌ တည်းခို၍၊ ကေဒါတဲ၌ နေရသည် အရာမှာ အမင်္ဂလာရှိ၏။

  9. ငြိမ်သက်ခြင်းကို မုန်းသော သူတို့နှင့်အတူ၊ ငါ့ဝိညာဉ်သည် ကြာမြင့်စွာနေရပါသည်တကား။

  10. ငါသည် ငြိမ်သက်ခြင်းဘက်မှာနေ၏။ ငါပြော လျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှါ အလိုရှိကြ၏။

  11. အိုထာဝရဘုရား၊ ကိုယ်တော်ကို မုန်းသောသူ တို့ကို အကျွန်ုပ်မုန်းပါသည်မဟုတ်လော။ အာဏာတော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာပါသည် မဟုတ် လော။

  12. ထိုသူတို့ကို စိတ်နှလုံးအကြွင်းမဲ့မုန်းပါ၏။ ကိုယ် ရန်သူကဲ့သို့ မှတ် ပါ၏။

  13. ငါ့သား၊ လူဆိုးတို့သည် သင့်ကိုသွေးဆောင်လျှင် ဝန်မခံနှင့်။

  14. သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။

  15. ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊

  16. ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။

  17. သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဉာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊

  18. ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊

  19. အဓမ္မလူတို့ လမ်းထဲသို့မဝင်နှင့်။ ဆိုးယုတ် သောသူတို့နှင့်အတူ မလိုက်နှင့်။

  20. သူတို့လမ်းကိုကြဉ်ရှောင်လော့။ လိုက်မသွားနှင့်။ လွှဲ၍သွားလော့။

  21. စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက် ပြင်းထန်သော သူနှင့် အတူမလိုက်နှင့်။

  22. လိုက်လျှင် သူ၏ထုံးစံဓလေ့တို့ကိုသင်၍၊ ကိုယ် အသက်ကျော့မိရာဖြစ်လိမ့်မည်။

  23. ဤလူမျိုး၏ ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရ မည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍မိန့်တော်မူသည်ကား၊

  24. သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့ သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ် သောအရာကို မကြောက်ကြနှင့်။ မထိန့်လန့်ကြနှင့်။

  25. ဧဖရိမ်သည်တပါး အမျိုးသားတို့နှင့် ပေါင်းဘော်ရောနှော လျက်ရှိ၏။ တမျက်နှာသာဖုတ်၍ မလှန်သော မုန့်ပြား ဖြစ်၏။