အကြောင်းအရာသို့ ကျော်သွားရန်

Answers To Prayer အကြောင်း ကျမ်းစာအခန်းငယ်များ

195 အခန်းငယ် · 85 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊ တည်ဆောက်ခြင်းရှိလိမ့်မည်။ သင့်အိမ်မှဒုစရိုက်ကို ပယ်ရှား လျှင်၊

  2. သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။

  3. အဓမ္မလူသည် ဆုံးခြင်းသို့ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။

  4. ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင် နားထောင်တော်မူမည်လော။

  5. ထိုကြောင့်အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူးတော်မမူ။

  6. အကယ်စင်စစ်ဘုရားသခင်သည် အချည်းနှီး သောစကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင် သည် ထိုသို့သောစကားကို မမှတ်ဘဲ နေတော်မူ၏။

  7. ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။

  8. လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချ လျက်ရှိသော သူတို့၏အော်ဟစ်ခြင်း အသံကိုမေ့လျော့ တော်မမူတတ်ပါ။

  9. ထိုသို့ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရ ဘုရားကိုခေါ်၍၊ ငါ၏ဘုရားသခင်ကို အော်ဟစ်လေ၏။ ခေါ်သောအသံကို ဗိမာန်တော်ထဲ မှာကြားတော်မူ၍၊ အော်ဟစ်သောအသံသည် နားတော်ထဲသို့ ဝင်လေ၏။

  10. အကျွန်ုပ်ကို မုန်းသောရန်သူတို့၏ လည်ပင်းကို အကျွန်ုပ်၌ အပ်၍၊ ဖျက်ဆီးရသောအခွင့်ကို ပေးတော် မူ၏။

  11. သူတို့သည် အော်ဟစ်ကြသောအခါ၊ ကယ်တင် သောသူမရှိ။ ထာဝရဘုရားကို အော်ဟစ်သော်လည်း ထူးတော်မမူ။

  12. ငါသည် ထာဝရဘုရားကိုရှာသောအခါ နား ထောင်တော်မူ၏။ ကြောက်မက်ဘွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။

  13. ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ အော်ဟစ်သံကိုလည်း နား ထောင်တော်မူ၏။

  14. ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။

  15. အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။

  16. ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ။

  17. ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း။

  18. သူသည် ငါ့ကို ချစ်သောကြောင့်၊ သူ့ကို ငါကယ် နှုတ်မည်။ ငါ၏နာမကို သိသောကြောင့်၊ သူ့ကို ငါချီး မြှောက်မည်။

  19. သူသည် ငါ့ကိုခေါ်သောအခါ ငါထူးမည်။ ဒုက္ခ ခံရသောအခါ သူ့ဘက်မှာ ငါနေ၍ ချမ်းသာပေးမည်။ သူ၏ဘုန်းကိုလည်း ထင်ရှားစေမည်။

  20. ယဇ်ပုရောဟိတ် မောရှေနှင့် အာရုန်၊ နာမတော် ကို ပဌနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရ ဘုရားကို ပဌနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။

  21. တဖန်သူတို့ အော်ဟစ်ခြင်းကို ကြားတော်မူလျှင်၊ သူတို့၌ဆင်းရဲဒုက္ခကို ကြည့်ရှုသဖြင့်၊

  22. ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား၍၊

  23. ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ် လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်။

  24. ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်။

  25. ငါသည် ကျဉ်းမြောင်းရာထဲက ထာဝရဘုရားကို ခေါ်၍၊ ထာဝရဘုရားသည် ကျယ်ဝန်းသော အရပ်ထဲသို့ သွင်းတော်မူ၏။