Answers To Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Sometimes immediately
Sometimes immediately အကြောင်း အခန်းငယ်များ
ငါသည် သူတို့မခေါ်မှီကပင် ထူးမည်။ လျှောက် စဉ်တွင်ပင် ငါနားထောင်မည်။
ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ၍လာသဖြင့် ညဦးယံ ပူဇော်ချိန်၌ ရှိရာသို့ ရောက်၍
သင်သည် ဆုတောင်းစပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍ သင့်အားကြားပြောခြင်းငှါ ငါရောက် လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည် ရသော အခွင့်ရှိ၏။
ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။