Answers To Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Hear not the law
Hear not the law အကြောင်း အခန်းငယ်များ
တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
သူတို့သည် နားမထောင်ဘဲလွတ်အောင် ရုန်းကြ ၏။ မကြားစေခြင်းငှါ နားကို ပိတ်ကြ၏။
တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသောစကားကို၎င်း သူတို့သည် မကြားစေ ခြင်းငှါ၊ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား သည် အလွန်အမျက်ထွက်တော်မူ၏။
ငါဟစ်ခေါ်၍ သူတို့သည် နားမထောင်သကဲ့သို့၊ တဖန် သူတို့သည် ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲ နေပြီဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့် တော်မူ၏။