Skip to content

Answers To Prayer အကြောင်း ကျမ်းစာအခန်းငယ်များ

195 အခန်းငယ် · 85 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွားစေ၍ သူ့ကို အလွှန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသော လူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည်။

  2. ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏။

  3. ကြည့်ပါ။ ထိုမြို့နီးပါ၏ ပြေးသာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။

  4. ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏ စကားကို ငါနားထောင်စေခြင်းငှါ ထိုမြို့အတွက် တောင်းပန်သောကြောင့် ငါမဖျက်ဆီး။

  5. ထိုသို့လျှောက်ဆို၍မပြီးမှ၊ အာဗြဟံအစ်ကိုနား ခေါ်မယား မိလခါသား၊ ဗေသွေလ၏သမီး ရေဗက္ကသည်၊ ရေဘူးကိုထမ်းလျက် ထွက်လာသည်ကိုမြင်၏။

  6. ထိုသတို့သမီးသည်၊ အလွန်အဆင်းလှ၍၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာဖြစ်၏။ ရေတွင်းသို့ဆင်း၍၊ ရေဘူးကို ရေနှင့်ဖြည့်ပြီးမှ တက်လာ ၏။

  7. ကျွန်သည်လည်း၊ ထိုမိန်းမနှင့်တွေ့ခြင်းငှါပြေး၍၊ သင်၏ရေဘူး၌ ရေအနည်းငယ်ကို သောက်ပါရစေဟု ဆိုလေသော်၊

  8. မိန်းမက၊ သောက်ပါလောအရှင်ဟုဆိုသဖြင့်၊ မိမိလက်ပေါ်မှာ၊ အလျင်အမြန်ရေဘူးကို ချ၍၊ ရေကို ပေးလေ၏။

  9. ရေကိုပေးပြီးလျှင်၊ သင်၏ကုလားအုပ်တို့သည် လည်း၊ ဝစွာ သောက်စရာဘို့ရေခပ်ပါမည်ဟု ဆိုသည် အတိုင်း၊

  10. အလျင်အမြန်ဘူး၌ရှိသော ရေကိုရေတိုက်ခွက် ထဲ၌ လောင်းပြီးလျှင်၊ တဖန်ခပ်ခြင်းငှါ ရေတွင်းသို့ပြေး၍၊ ကုလားအုပ်အဘို့ ရေခပ်လေ၏။

  11. ယောက်ျားသည် ထိုမိန်းမကို အံ့ဩ၍၊ မိမိ ရောက်လာသော အမှုကို ထာဝရဘုရားပြုစုတော်မူသည်၊ မမူသည်ကို သိလို၍၊ တိတ်ဆိတ်စွာ နေလေ၏။

  12. ကုလားအုပ်များကို ရေသောက်စေပြီးသော နောက်၊ ယောက်ျားသည်၊ အချိန်ငါးမူးရှိသော ရွှေနှာဆွဲ၊ အကျပ်တဆယ်အချိန်ရှိသော ရွှေလက်ကောက်တရံကို ထုတ်၍၊

  13. သင်သည် အဘယ်သူ၏သမီးဖြစ်သနည်း။ ကျွန်ုပ်ကို ပြောပါ။ သင်၏အဘအိမ်၌ ကျွန်ုပ်တို့တည်းခို စရာအရပ်ရှိသလောဟု မေးလေသော်၊

  14. မိန်းမက၊ ကျွန်ုပ်သည် နာခေါ်၏မယားမိလခါ ဘွားမြင်သော၊ ဗေသွေလ၏သမီးဖြစ်သည်ဟူ၍၎င်း၊

  15. ကျွန်ုပ်တို့၌ မြက်ခြောက်များ၊ စားဘွယ်သောက် ဘွယ်များနှင့် တည်းခိုစရာအရပ်လည်း ရှိသည်ဟူ၍၎င်း ဆိုလေ၏။

  16. ထိုအခါယောက်ျားသည် ဦးညွှတ်ချ၍ ထာဝရ ဘုရားကိုကိုးကွယ်လျက်၊

  17. ကရုဏာ၊ သစ္စာတော်ကို အကျွန်ုပ်သခင်မှ ရုပ်သိမ်းတော်မမူသော၊ အကျွန်ုပ်သခင်အာဗြဟံ၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။ လမ်းမှာ သွားလျက်ရှိသော အကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ညီအစ်ကိုတို့အိမ်သို့ ပို့ဆောင်တော်မူပါသည်တကားဟု မြွက်ဆို၏။

  18. ယာကုပ်သည် တယောက်တည်းနေရစ်၍၊ လူတဦးသည် မိုဃ်းလင်းသည်တိုင်အောင် သူနှင့်လုံးထွေး လေ၏။

  19. ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ် ပေါင်ချန်ကို ထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ ၏။

  20. ထိုသူကလည်း၊ ငါ့ကိုလွှတ်ပါ၊ မိုဃ်းလင်းဆဲရှိပြီ ဟုဆိုလျှင်၊ ယာကုပ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင်၊ မသွားရဟုဆို၏။

  21. ထိုသူကလည်း၊ သင်၏အမည်ကား အဘယ်သို့ နည်းဟု မေးလျှင်၊ ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။

  22. နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ခေါ်ရမည်။ အကြောင်းမူကား၊ သင်သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။

  23. ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့ နည်း။ အကျွန်ုပ်အား ဘော်ပြတော်မူပါဟု မေးလျှောက် လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ ကောင်းကြီးပေးတော်မူ၏။

  24. ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း၊ အသက် ချမ်းသာပြီဟု ဆိုသတည်း။

  25. ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ၏။