အကြောင်းအရာသို့ ကျော်သွားရန်

Answers To Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Are idolaters

8 အခန်းငယ် · 85 ရှုထောင့်

Are idolaters အကြောင်း အခန်းငယ်များ

  1. သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့မလွတ် နိုင်သောဘေးအန္တရာယ်ကို သူတို့အပေါ်၌ ငါသက်ရောက်စေမည်။ သူတို့သည် ငါ့ကိုအော်ဟစ်သော် လည်း၊ ငါနားမထောင်ဘဲနေမည်။

  2. ထိုအခါယုဒမြို့သူရွာသားနှင့် ယေရုရှလင် မြို့သားတို့သည် နံ့သာပေါင်းကို မီးရှို့၍၊ ပူဇော်ဘူးသော ဘုရားများထံသို့သွား၍ အော်ဟစ်သော်လည်း၊ ဘေး ရောက်ရာကာလ၌ ထိုဘုရားတို့သည် အလျှင်းချမ်းသာ မပေးဘဲနေကြလိမ့်မည်။

  3. အိုယုဒပြည်၊ သင်သည်မြို့များအရေအတွက် ရှိသည်အတိုင်း၊ သင်၏ဘုရားများရှိပါသည်တကား။ ယေရုရှလင်မြို့လမ်းများ အရေ အတွက် ရှိသည်အတိုင်း၊ ရှက်ဘွယ် သော ရုပ်တုအဘို့ ယဇ်ပလ္လင်များ၊ ဗာလဘုရားရှေ့မှာ နံ့သာပေါင်း ရှို့ရာယဇ်ပလ္လင်များကို တည်ကြပြီ။

  4. သို့ဖြစ်၍ သင်သည်ဤလူမျိုးအဘို့ ပဌနာမပြု နှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ဘေးရောက်သည်ကာလ၊ သူတို့ အော်ဟစ်သော စကားကို ငါနားမထောင်။

  5. အချင်းလူသား၊ ထိုအမှုကိုမြင်ပြီလော။ တဖန် လှည့်၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ်ရွံ့ရှာဘွယ်အမှုတို့ကို မြင်လိမ့်မည်ဟု မိန့်တော် မူလျက်၊

  6. ထာဝရဘုရား၏အိမ်တော်အတွင်း တန်တိုင်းထဲ သို့ ဆောင်သွား၍၊ ဗိမာန်တော်တံခါး၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကျိပ်ငါးယောက်တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့သို့မျက်နှာ ပြုလျက်၊ အရှေ့မျက်နှာ၌ နေကို ကိုးကွယ်ကြ၏။

  7. တဖန်တုံ၊ အချင်းလူသား၊ ထိုအမှုကို မြင်ပြီ လော။ ယုဒအမျိုးသည် ဤအရပ်၌ စက်ဆုပ်ရွံ့ရှာဘွယ် အမှုတို့ကို ပြုသောအပြစ်ပေါ့သလော။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံးကို ပြည့်စေ၍ ငါ၏အမျက်ကို အထပ် ထပ်နှိုးဆော်ကြပြီ။ သစ်ခက်ကိုလည်း မိမိတို့နှာခေါင်းဝ၌ ကပ်၍တိုင်ကြ၏။

  8. ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကို လွှတ်လိုက်မည်။ သူတို့သည် ကျယ်သော အသံနှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။