Answers To Prayer အကြောင်း ကျမ်းစာအခန်းငယ်များ: Christ gives
Christ gives အကြောင်း အခန်းငယ်များ
ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟုဆိုသော သူကား အဘယ် သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည် ဟုပြန်၍ မိန့်တော်မူသော်၊
ငါပေးသောရေကိုသောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။
သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစုံတခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်းငါပြုမည်။